DVB Logo
Home
နိုင်ငံရေး
ပြည်သူ့လွှတ်တော်တွင် ပီအာ စတင်ဆွေးနွေး
DVB
·
July 25, 2014
ပြည်သူ့လွှတ်တော်တွင် ပီအာ စတင်ဆွေးနွေး
Donate to DVB

လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာလို့ ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ အဆိုကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်မှာ မနေ့က မဲခွဲဆုံးဖြတ် သဘောတူလိုက်ပြီးနောက် ပီအာစနစ် နဲ့ပတ်သက်လို့ ကန့်ကွက်သူတွေနဲ့ ထောက်ခံသူတွေ ဒီနေ့လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။

parliment 1ဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၅၀ လောက်ရှိပြီး ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ၁၀ ဦး ဆွေးနွေးသွားခဲ့ပါတယ်။

ပီအာကို ထောက်ခံသူ ကိုယ်စားလှယ် ၅ ဦးနဲ့ ကန့်ကွက်သူ ကိုယ်စားလှယ် ၅ဦး ဆွေးနွေးသွားခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ဥတ္တရသီရိမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

“ဒီနေ့ ဦးဝင်းမြင့်နဲ့ ဒေါ်ခင်သန္တာတို့ ကန့်ကွက်ဆွေးနွေးတဲ့အထဲမှာ ပါဝင်ပြီးတော့ ဦးစောသိန်းအောင် လှိုင်းဘွဲ့မြို့နယ် ဖလုံစဝေါ် ပါတီက ကိုယ်စားလှယ်ရယ်၊ ချင်းအမျိုးသား ပါတီက ဦးခွန်လိန်းရယ် နောက် ချင်းတိုးတက်ရေးပါတီက ကိုယ်စားလှယ်တို့ ကန့်ကွက် ဆွေးနွေးခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းထွန်းဦးရယ်၊ ဦးသာဝင်း ရန်ကင်း ၂ ယောက်က ထောက်ခံဆွေးနွေးတယ်။ နောက် တစည ကျောက်ကြီးမြို့နယ်က ဦးဉာဏ်ဆွေဝင်းရယ်၊ နောက် ကချင်စည်းလုံးညီညွတ်ရေး ဒီမိုကရက်တစ်ပါတီက ဒေါ်ဒွဲဘူရယ်။ ချီဘွေမြို့နယ်က ကိုယ်စားလှယ်တို့က ထောက်ခံဆွေးနွေးတယ်။”

ပီအာကို ထောက်ခံသူနဲ့ ကန့်ကွက်သူ ကိုယ်စားလှယ်အရေအတွက် ဆတူလောက်ရှိတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌက ထောက်ခံသူ၊ ကန့်ကွက်သူ ဆတူ ဆွေးနွေးခွင့်ပေးခဲ့တာလို့လည်း သူက ပြောပါတယ်။

ပီအာကို တိုင်းရင်းသားဒေသတွေမှာ မသုံးဖို့ ဆွေးနွေးခဲ့တဲ့ အင်ဂျုန်းယန် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပီအာစနစ် ဘယ်လောက်ကောင်းတယ် ပြောပြော တိုင်းရင်းသားပြည်နယ်တွေမှာတော့ မသင့်တော်သေးဘူးလို့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“ကျမတို့ ကချင်ပြည်နယ်မှာ ၂၀၁၀ မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေရှိတယ်။ ကျမတို့တိုင်းရင်းသားဒေသတွေမှာ ပီအာစနစ် ဘယ်လောက် ကောင်းတယ်ပြောပေမယ့် ဒါကိုချပြမယ်ဆိုရင် ကျမတို့ အနေအထားက လက်ခံနိုင်တဲ့ အနေအထား မရှိသေးဘူး။ နောက်မှ ဒီဟာကို ကျမတို့ တိုင်းရင်းသားတွေကို ပြောပြဖို့ အချိန်လည်း လုံလောက်မှာ မဟုတ်ဘူး။ အဲဒီတော့ လက်ရှိအနေအထားမှာ ကျမတို့ ကချင်မှာ ပဋိပက္ခတွေလည်း ရှိတယ်။ ဘယ်လောက်စနစ်ကောင်းတယ်လို့ ကျမအနေနဲ့ သုံးသပ်ပေမယ့် ကျမတို့တိုင်းရင်းသား ဒေသတွေမှာ ကျင့်သုံးဖို့ မသင့်တော်သေးဘူး။”

ပြည်သူ့လွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးဖို့ အဆိုတင်ခဲ့တဲ့ ပုဇွန်တောင်အမတ် ဦးအောင်ဇင်ကလည်း အဆိုတင်ခဲ့တုန်းက ပီအာစနစ်ကို တိုင်းရင်းသားပြည်နယ်တွေမှာ မကျင့်သုံးသင့်သေးဘူးလို့ ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၄ရက် ပြည်သူ့လွှတ်တော်မှာ ပီအာကျင့်သုံးဖို့ အဆိုတင်ခဲ့တုန်းက လွှတ်တော်မတက်ခဲ့တဲ့ တိုင်းရင်းသားအမတ်တွေထဲက ဒီနေ့ ဆွေးနွေးတဲ့ရက်မှာ ကျားဖြူပါတီအမတ်တွေကလွဲပြီး ကျန်အမတ်တွေ လွှတ်တော်တက်ပြီး ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013