ဖက်ဒရယ်လမ်းကြောင်းသာ တပြည်လုံးအပစ်ရပ်နိုင် - ဦးစောသန်းမြင့်
DVB
·
July 25, 2014
[caption id="attachment_56690" align="alignright" width="300"] ဦးစောသန်းမြင့်[/caption]
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေပါ လိုလားတယ်လို့ တိုင်းရင်သားနိုင်ငံရေးပါတီ ၂၀ နဲ့ စုဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသား ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) အဖွဲ့ ပြောခွင့်ရသူ ဦးစောသန်းမြင့်က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လိုင်ဇာထိပ်သီးကွန်ဖရင့်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဖြေကြားခဲ့တာ ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုဖြစ်မယ့် လမ်းကြောင်းပေါ် သွားမယ်ဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်လာလိမ့်မယ်လို့ သူက ပြောပါတယ်။
အန်ဘီအက်ဖ် ပြောခွင့်ရ ဦးစောသန်းမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။