တပ်မတော်သားများ အပျော်အပါးထိန်းသိမ်းရန် ဗိုလ်ချုပ်မှူးကြီး သတိပေး
DVB
·
July 25, 2014
တပ်မတော်သားတွေ အသောက်အစားအပျော်အပါးထိမ်းဖို့နဲ့ ၀င်ငွေနဲ့ထွက်ငွေ မျှတအောင်ထိန်းကြဖို့၊ မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ရှောင်ရှားကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၅ ရက် မနက်ပိုင်း ဗထူးတပ်နယ်မှာပြုလုပ်တဲ့ အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံပွဲမှာ တပ်ချုပ်က ခုလို ပြောလိုက်တာဖြစ်ပြီး အခုလို သတိပေးစကားပြောကြားခဲ့တာ ၂ ကြိမ်ထက်မနည်း ရှိပါပြီ။
ပြီးခဲ့တဲ့နှစ်အတွင်း စစ်တပ်က ဗိုလ်အဆင့်ရှိသူတွေ သေနတ်နဲ့ ဘဏ်ဝင်လုတာ၊ ရွှေဆိုင်ဝင်လုတာတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်က အခုလို သတိပေးစကား ထုတ်ပြောလာတာ ဖြစ်ပါတယ်။