DVB Logo
Home
မြန်မာသတင်း
ရှမ်းရွာသားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ကုလကိုယ်စားလှယ်ကို တင်ပြ
DVB
·
July 24, 2014
ရှမ်းရွာသားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ကုလကိုယ်စားလှယ်ကို တင်ပြ
1 / 2
Donate to DVB

မြန်မာနိုင်ငံ ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်သစ် မစ္စယန်ဟီးလီကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က သွားရောက်တွေ့ဆုံပြီး ရှမ်းရွာသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စ တင်ပြခဲ့ပါတယ်။

UN Delegate 3 copyမစ္စယန်ဟီးလီနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေ ဇူလိုင်လ ၂၃ ရက်နေ့က မြစ်ကြီး နားကို ရောက်လာစဉ် ကချင်ပြည်နယ်ထဲက ရှမ်းရွာသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စ တင်ပြခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဆက်ဆံရေးတာဝန်ခံ ဦးစိုင်းထိန်လင်းက ပြောပါတယ်။

“အဓိကကတော့ အစိုးရတပ်နဲ့ လက်နက်ကိုင်ကေအိုင်အေရဲ့ ပဋိပက္ခကြားထဲမှာ လက်နက်မဲ့ ကျနော်တို့ ရှမ်းပြည်သူတွေဟာ ကြားညှပ်ခံရပြီးတော့မှ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ အဲဒီ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဟာကို ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ ပစ်မထားဘဲနဲ့ ကျနော်တို့ကို ထည့်သွင်းစဉ်းစားပေးဖို့ပေါ့နော်၊ အဲဒါကို ကျနော်တို့ စာနဲ့ရော၊ လူနဲ့ရော တွေ့ပြီးတော့မှ တင်ထားတယ်။”

ဒီဇူလိုင်လအတွင်း မိုးကောင်းမြို့မှာ တနေ့ကို ဆန်လေးငါးပြည်ကြိတ်ပြီး မုန့်ဖတ်လုပ်နေတဲ့ အသေးစားလုပ်ငန်းတွေတောင် ကျပ် ၂ သိန်းစီပေးဖို့ ကေအိုင်အေက ဆက်ကြေးကောက်ခံခဲ့ကြောင်း၊ ဒါ့အပြင် ၂၀ ရက်နေ့က မံစီမြို့နယ် မန့်ဝိန်ကြီးရွာမှာ လူငယ် ၂ ဦး လမ်းပေါ်မှာ သွားရင်းလာရင်း ခေါ်ဆောင်သွားခံခဲ့ရတယ်လို့ ဦးစိုင်းထိန်လင်းက ပြောပါတယ်။

ရွာသားတွေဟာ ကေအိုင်အေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို နှစ်နဲ့ချီခံခဲ့ရပြီး ဒီ ၂၀၁၄ ခုနှစ်ထဲမှာတင် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတာ ၇၀ ကျော်ရှိကြောင်း၊ မိဘဆွေမျိုးတွေက သူတို့သားသမီးကို ပြန်ခေါ်ပေးဖို့ ရှမ်းမျိုးနွယ်စုရေးရာကို တိုင်ကြားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်း မြစ်ကြီးနားက ကေအိုင်အိုဆက်ဆံရေးရုံးမှာ သွားရောက်ညှိနှိုင်းခဲ့ကြောင်း၊ သူတို့က ပြန်စိစစ်ပေးမယ်လို့ ပြောပြီး ခုထိပြန်လွတ်မလာသေးဘူးလို့ ဆိုပါတယ်။

မစ္စယန်ဟီးလီကလည်း သူတို့တင်ပြချက်တွေကို သူ့ရဲ့ အစီရင်ခံစာမှာ ထည့်ရေးမယ့်အကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

မစ္စယန်ဟီးလီဟာ နေပြည်တော်မှာ နိုင်ငံခြားရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေ လွှတ်တော်နှစ်ရပ်က တာဝန်ရှိသူတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

UN Delegate

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013