DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသမီးခေါင်းဆောင်များကို ပြစ်ဒဏ်ချမှတ်
DVB
·
July 24, 2014
ချင်းအမျိုးသမီးခေါင်းဆောင်များကို ပြစ်ဒဏ်ချမှတ်
Donate to DVB

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေး ဆန္ဒပြခဲ့တဲ့ ချင်းအမျိုးသမီး ခေါင်းဆောင်တွေကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ပြီး တရားရုံးက ပြစ်ဒဏ် စီရင်ချက်တွေ ချမှတ်လိုက်ပါတယ်။

ချင်းအမျိုးသမီးတဦးကို အစိုးရတပ်သားတဦးက မတရားကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး မကျေနပ်လို့ ချင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူတွေဟာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေ ဆန္ဒပြပွဲတွေ ဇွန် ၂၄ ရက်နေ့က ရေဇွာနဲ့ မတူပီမြိုတွေမှာ ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_60917" align="alignright" width="300"]ဓာတ်ပုံ - Chin World ဓာတ်ပုံ - Chin World[/caption]ဒီဆန္ဒပြရာမှာ ဦးဆောင်ခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် ၆ ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးတို့ကို အစိုးရက ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည်မှုဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၁ လ ဒါမှမဟုတ် ငွေဒဏ် ၃ သောင်း ကျခံဖို့ စီရင်ချက်ချလိုက်တာဖြစ်ပါတယ်။

တရားရုံးအမိန့်နဲ့ ပတ်သက်ပြီး ဒီကိစ္စကို လိုက်လံကူညီပေးတဲ့ အမျိုးသမီးများလက် မြန်မာဖောင်ဒေးရှင်းက ဒါရိုက်တာ မိုင်တီဆွီလျန်က အခုလို ပြောပါတယ်။

“၂၂ ရက်နေ့မှာ အမျိုးသမီးတွေကို စစ်တယ်။ မတူပီကိုကျတော့ ၂၃ ရက်နေ့မှာ စစ်တယ်။ အဓိကတော့ ခွင့်ပြုမိန့်မရပဲ စီတန်းလှည့်လည်တဲ့ ပုဒ်မ (၁၈) နဲ့ တရားစွဲတယ်။ မနေ့ကပဲ တရားရုံးက စီရင်ချက်ချလိုက်တယ်။ ထောင်ဒဏ် ၁ လ ကျခံမလား၊ ဒဏ်ငွေ ၃ သောင်း ပေးမလားပေါ့။ အဲဒါနဲ့က တယောက်ကို ၃ သောင်းနဲ့ ၈ ယောက်ကို ကျမတို့အဖွဲ့က ပေးလိုက်တယ်။”

ဆန္ဒပြတဲ့အမျိုးသမီးတွေကို အခုလို စီရင်ချက်ချလိုက်ပေမယ့် ရေဇွာက ချင်းအမျိုးသမီးကို အကြမ်းဖက်ခဲ့တဲ့ အစိုးရတပ်သားကိုတော့ ဘယ်လို အရေးယူလဲဆိုတာ မသိရ သေဘူးလို့လည်း မိုင်တီဆွီလျန်က ပြောပါတယ်။

“ဒီဟာသည့် ကျမတို့အဖြေမဟုတ်ဘူး။ ကျမတို့ လိုချင်တာက အမျိုးသမီးအပေါ်အကြမ်းဖက် နေတဲ့ စစ်သားကို ထိထိရောက်ရောက်အရေးယူ စေချင်တယ်။ သူတို့ အရေးယူတယ်၊ ဖမ်းထားတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ ဘယ်အချုပ်ထဲမှာ ထည့်တာလည်ူး ကျမတို့ မသိရဘူး။ အခုထိ သူ့သတင်းလည်း မကြားရဘူး။ အဲဒါကို ပွင့်လင်းမြင်သာမှု ရှိအောင် သူ့ကို အပြစ်ဒဏ် ပေးတယ်ဆိုရင်လည်း ဘယ်လိုပေးတာလဲ ဒါလည်း သိချင်တယ်။ ကျမတို့အနေနဲ့ သူ့ကို စစ်ခုံရုံး မဟုတ်ဘဲ အရပ်ဘက်တရားရုံးကို လွှဲပေးပြီးတော့ကို ရင်ဆိုင်ချင်ပါတယ်။ အဲဒါမှ ကျမတို့ လိုချင်တာ ဖြစ်မှာလေ။ အခုဟာက လိုချင်တာ ဘာမှ မလုပ်ရသေးဘူး။”

ဒါ့အပြင် ချင်းအမျိုးသမီးတွေ ဆန္ဒပြတဲ့ အကြောင်းအရင်းနောက်တခုကလည်း မတူပီဆေးရုံမှာ ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေအပေါ် ဆရာဝန်က ကောင်းမွန်စွာ လက်ခံ စောင့်ရှောက်မှု မရှိတဲ့အတွက် အဲဒီဆရာဝန်ကို အရေးယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ဆရာဝန်ကို မင်းတပ်မြို့ဆီ နယ်ပြောင်းလိုက်တာကလွဲလို့ ဘာမှ အရေးယူဆောင်ရွက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013