DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ ဖယ်ဒရယ်အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပင်ခံရ
DVB
·
July 23, 2014
ကလေးမြို့  ဖယ်ဒရယ်အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပင်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ၃ ရက်တာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒေသခံအာဏာပိုင်တွေက ပိတ်ပင်တားဖြစ်လို့ တ၀က်တပျက်နဲ့ ရပ်နားလိုက်ရပါတယ်။

[caption id="attachment_60870" align="alignright" width="300"](ဓာတ်ပုံ - Chin World) (ဓာတ်ပုံ - Chin World)[/caption]ကလေးမြို့ ကလေးဝ လမ်းပေါ်က ခန်းမတခုမှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ ၃ ရက်တာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖက်ဒရယ်စနစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်အုပ်ချုပ်ရေးမှူးက ခေါ်ယူတားမြစ်ခဲ့တဲ့အတွက် ၁ ရက်ခွဲပဲ လုပ်လိုက်ရတယ်လို့ ချင်းဖိုရမ် ကလေးကဘော်ချိုင့်ဝှမ်းတာဝန်ခံ ဆလိုင်း ဇမ်ထွမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ပထမနေ့ဖြစ်တဲ့ ၂၁ ရက်နေ့မှာ တနေ့လုံးအဆင်ပြေစွာ ပြီးဆုံးခဲ့တယ်။ ဒုတိယနေ့မှာတော့ ကျနော်တို့ကို ကလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက ခေါ်တယ်။ ကျနော်တို့ တာဝန်ရှိသူ ၄ ယောက် သွားညှိတဲ့အခါ ခရိုင်မှူးက တိုင်းမှူးနဲ့ ဖုန်းထဲမှာ ဒီကိစ္စပြောဆိုမေးမြန်းပြီး ဒီလာတဲ့ နိုင်ငံခြားသားတွေ၊ သင်တန်းဆရာတွေဟာ တိုးရစ်စ်ဗီဇာတွေနဲ့ လာတာဆိုတော့ ကျနော်တို့ ခွင့်မပြုနိုင်ဘူးလို့ ပြောလိုက်တယ်။”

ဦးဆောင်ဆွေးနွေးသူ ပညာရှင် ၃ ဦးဟာ အိန္ဒိယ၊ မလေးရှားနဲ့ စပိန်နိုင်ငံသားတို့ဖြစ်ကြပြီး ဥရောပမြန်မာရုံးနဲ့ Forum of Federations အဖွဲ့အစည်းက ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံ အခြားဒေသတွေမှာ အခုလို ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပေါင်း ၂၅ ခု ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ဒီ ၂၆ ကြိမ်မြောက်မှာမှ အပိတ်ပင်ခံခဲ့ရတာပါ။

ဒီဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ချင်းပြည်နယ်မြို့နယ် ၁၀ ခုက ချင်းနိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်လာတဲ့အတွက် ခုလိုဖြစ်သွားတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဆလိုင်း ဇမ်ထွမ်းက ပြောပါတယ်။

ယခင်စစ်အစိုးရလက်ထက်က ဖက်ဒရယ်ကို ပြည်ထောင်စု ခွဲထွက်ရေးဝါဒဆိုပြီး ဖက်ဒရယ်အရေး လှုပ်ရှားဆောင်ရွက်သူတွေကို ဖမ်းဆီးထောင်ချမှုတွေရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက် အပစ်အခတ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးတဲ့နောက် ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ခွင့်ပြုခဲ့သလို အစိုးရ ထိပ်တန်းခေါင်းဆောင်းတွေကလည်း ဖက်ဒရယ်ကိစ္စ လက်ခံပြောဆိုလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013