DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ် ပဋိပက္ခဖြစ်ပွားခဲ့သည့် မန္တလေးအခြေအနေ လေ့လာ
DVB
·
July 23, 2014
ကုလကိုယ်စားလှယ် ပဋိပက္ခဖြစ်ပွားခဲ့သည့် မန္တလေးအခြေအနေ လေ့လာ
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မန္တလေးမြို့မှာ မန္တလေးတိုင်းဝန်ကြီးချုပ်၊ အစိုးရအဖွဲ့နဲ့ ဘာသာပေါင်းစုံ ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_60863" align="alignright" width="300"]ကုလကိုယ်စားလှယ်  မစ္စယန်ဟီးလီ မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားခဲ့သည့် မန္တလေးအခြေအနေ လေ့လာ ကုလကိုယ်စားလှယ် မစ္စယန်ဟီးလီ မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားခဲ့သည့် မန္တလေးအခြေအနေ လေ့လာ[/caption]ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန် ဟီးလီဟာ ဒီနေ့မနက်အစောပိုင်းကတော့ ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို သွားရောက်လေ့လာသွားခဲ့ပြီးနောက် လေယာဉ်နဲ့ မန္တလေးမြို့ကို လာရောက်ခဲ့တာပါ။

မနက်ပိုင်းက မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက်လေ့လာခဲ့ပြီး ၀န်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မန္တလေးမြို့ ငြိမ်းချမ်းထိန်းသိမ်းမှုကော်မတီကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ညနေပိုင်းမှာတော့ မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီရုံးမှာ ဘာသာပေါင်းစုံခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ဆွေးနွေးပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ချုပ်ရှေ့နေ ဦးသိန်းသန်းဦးက အခုလို ပြောပါတယ်။

“ဆွေးနွေးခဲ့တာက ကျနော်တို့ ဘက်ပြောနိုင်တာ နံပါတ် ၁ က မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ရရှိတဲ့ အချက်အလက်တွေကို တင်ပြတယ်။ နောက် မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီရဲ့ လုပ်ဆောင်ခဲ့တဲ့အချက်တွေ၊ ဘာတွေ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ၊ အခုဘာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အချက်တွေကို တင်ပြပြီး ကျနော်တို့ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ပေးလိုက်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ လူထုကို အခြေပြုထားတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ကျနော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျနော်တို့ရဲ့ တင်ပြချက်နဲ့ တွေ့ရှိချက်တွေကို နိုင်ငံတော်အစိုးရဆီကိုလည်းကောင်း၊ ကုလသမဂ္ဂကို လည်းကောင်း၊ နိုင်ငံတကာ မိသားစုကိုလည်းကောင်း ဒါတွေကို တင်ပြသွားမယ်လို့ ပြောပါတယ်။ ကျနော်တို့ဘက်ကပြောခဲ့တာကတော့ ကျနော်တို့က နိုင်ငံတော် အစိုးရအပါအ၀င် ဘယ်ပါတီ ဘယ်အဖွဲ့အစည်း၊ ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့မဆို၊ ဘယ်ဘာသာဝင်နဲ့မဆို ငြိမ်းချမ်းမှုရအောင် ပူးပေါင်းဆောင်ရွက် သွားမယ်လို့ တင်ပြလိုက်ပါတယ်။”

ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းကလည်း ဗန်းမော်ကနေအပြန် လမ်းမှာ မိုးကြီးမြေပြိုမှုဖြစ်ပွားခဲ့လို့ မြစ်ကြီးနားကို မရောက်ဘဲ ဗန်းမော်မှာ ညအိပ်ခဲ့ရတယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ရန်ကုန် ရန်ကုန်မှာ ဘာသာရေးခါင်းဆောင်တွေ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ကြည့်ရှု ခဲ့ပါတယ်။
ဒီနောက် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က လူ့အခွင့်ရေးအခြေအနေကို လေ့လာပြီး ဒီကနေ့မှာ မန္တလေးကို ရောက်ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013