Home
သတင်းတို
ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရောင်းချမည်
DVB
·
July 23, 2014
အိမ်ရာ မရှိသေးတဲ့ ပြည်သူတွေအတွက် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ရောင်းချဖို့ စီမံဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးစိုးတင့်က ပြောကြားလိုက်ပါတယ်။ chief-buldingဇူလိုင် ၂၂ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အလုံမြို့နယ် မဲဆန္ဒနယ်က လွှတ်တော် အမတ် ဦးခိုင်မောင်ရည်က မေးမြန်းခဲ့ရာမှာ ၀န်ကြီးက ၀င်ငွေနည်း ၀န်ထမ်းတွေ၊ ပင်စင်စားတွေနဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ တည်ဆောက်ရောင်းချရာမှာ အတတ်နိုင်ဆုံး တန်ဖိုးနည်းစေဖို့ ဆောင်ရွက်နေတယ်လို့ ဖြေကြားသွားတာပါ။ လက်ရှိ ရန်ကုန်တိုင်းမှာ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း (၂) နဲ့ (၃)ကို ဆက်လက် တည်ဆောက်နေပြီး ကုန်ကျစရိတ် အခန်း ၁ ခန်းကို ကျပ်သိန်း ၁၂၀ ရှိနေကြောင်း၊ တန်ဖိုးနည်း အိမ်ရာတွေကို ၁ ခန်း ကျပ်သိန်း ၁၀၀ အောက်ရောက်အောင် နိုင်ငံတော်က စိုက်ထုတ် ကျခံနိုင်ဖို့ အစိုးရထံ တင်ပြဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ၀င်ငွေနည်းပြည်သူတွေအတွက် အငှားအိမ်ရာတွေကို ပြည်နယ်တိုင်းဒေသကြီး အစိုးရနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့်က ပြောကြားသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024