DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားကလေးငယ်များအတွက် သင်ရိုးညွှန်းတမ်းပြဋ္ဌာန်းရေး ဆွေးနွေး
DVB
·
July 22, 2014
တိုင်းရင်းသားကလေးငယ်များအတွက် သင်ရိုးညွှန်းတမ်းပြဋ္ဌာန်းရေး ဆွေးနွေး
Donate to DVB

တိုင်းရင်းသားကလေးငယ်တွေအတွက်  သင်ရိုးညွှန်းတမ်းပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေအသီးသီးက ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ လာရောက် ဆွေးနွေးနေကြပါတယ်။

[caption id="attachment_60802" align="alignright" width="300"]ဒီနေ့မွန်းလွဲပိုင်း မူကြိုကလေးတွေအတွက် တေးကဗျာ သီချင်းနဲ့ တိုင်းရင်းသားအသီးသီးရဲ့ တေးသရုပ်ဖော်တို့ကို ညှိနှိုင်း သရုပ်ပြနေကြစဉ်။ ဒီနေ့မွန်းလွဲပိုင်း မူကြိုကလေးတွေအတွက် တေးကဗျာ သီချင်းနဲ့ တိုင်းရင်းသားအသီးသီးရဲ့ တေးသရုပ်ဖော်တို့ကို ညှိနှိုင်း သရုပ်ပြနေကြစဉ်။[/caption]

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ နာဂ၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ ကယန်း အစရှိတဲ့ တိုင်းရင်းသား ၁၈ မျိုးက ကိုယ်စားလှယ် ၂၀၀ ကျော် ရန်ကုန်မြို့ ဆမ်းမစ်ပါ့က်ဗျူး ဟိုတယ် မှာ ဆွေးနွေးနေကြ တာပါ။

အသက် ၅ နှစ် နဲ့ ၈ နှစ်ကြား ကလေးငယ်တွေ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးရေးအတွက် စာသင်ကြားတဲ့ ပုံစံနဲ့မဟုတ်ဘဲ ပုံတိုပတ်စတွေ၊ ကဗျာလင်္ကာတွေနဲ့ စနစ်တကျ သင်ကြားရေး ဆွေးနွေးဖလှယ်ကြတယ်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း (တက္ကသိုလ်များ မန္တလေး) ရဲ့ ဥက္ကဌ ဒေါက်တာ စိုင်းနော်ခေးက ပြောပါတယ်။

သင်ရိုးညွှန်းတမ်းကို ဘယ်ဘာသာ၊ ဘယ်လိုပုံစံနဲ့ ထုတ်ဝေသွားမယ်ဆိုတာတော့ လောလောဆယ် မဆွေးနွေးရသေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း လဟယ်မြို့နယ်မှ တက်ရောက်လာသူ နာဂလူမျိုး ကိုအဲန်နျူ ဆိုင်းညီကတော့ ယခင်က ကိုယ့်တိုင်းရင်းသားဘာသာနဲ့ ကိုယ့်ပုံစံနဲ့ကိုယ်သင်ကြားခဲ့ရာကနေ ခုလို အခြားတိုင်းရင်းသားတွေနဲ့ ဆွေးနွေးတိုင်ပင်ရတော့ အားနည်းချက် အားသာချက်တွေပါ သိရှိပြီး နောက်နောင် သင်ကြားရေးစနစ် ပိုကောင်းလာမယ်လို့ ပြောပါတယ်။

ကရင်စာပေအဖွဲ့ကိုယ်စားလှယ်တဦးဖြစ်သူ နော်ရှီးလာကလည်း အခုလို သင်ရိုးညွှန်းတမ်းကို အတူတကွ ဆွေးနွေးဖလှယ် ရေးဆွဲခြင်းအားဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေတဲ့ ပြဋ္ဌာန်းချက်ထွက်ရှိမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

သင်ရိုးညွှန်းတမ်းကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာအသီးသီးနဲ့ ထုတ်ဝေနိုင်ဖို့ တက်ရောက်လာသူ တိုင်းရင်းသားစာပေအဖွဲ့တွေက လိုလားနေကြပါတယ်။

ပညာရေးဝန်ကြီးဌာနက တိုင်းရင်းသားစာပေကို အစိုးရစာသင်ကျောင်းတွေမှာ သင်ကြားခွင့်ပြုလိုက်တဲ့ နောက်ပိုင်း တိုင်းရင်းသားဘာသာ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲဖို့ ညွှန်ကြားခဲ့သလို မူကြိုရွယ်ကလေးတွေအတွက် ပြဋ္ဌာန်းချက် ရေးဆွဲဖို့ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။

ကြားခံဘာသာစကားအဖြစ် အသုံးပြုနိုင်ရေး Medium of Instruction လို့ ခေါင်းစဉ်တပ်တဲ့ ဒီဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ပညာရေးလေ့ကျင့်ရေးဦးစီးဌာန သင်ရိုးညွှန်းတမ်းရေးဆွဲရေး နဲ့ ယူနီဆက်ဖ်တို့ ပူးပေါင်းပြီး ဇူလိုင် ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ၄ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013