DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ် ကချင်ဒုက္ခသည်စခန်း သွားရောက်လေ့လာ
DVB
·
July 22, 2014
ကုလကိုယ်စားလှယ် ကချင်ဒုက္ခသည်စခန်း သွားရောက်လေ့လာ
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်  မစ္စယန်ဟီးလီဟာ ကချင်ပြည်နယ် ဗန်းမော်နဲ့ ၀ိုင်းမော်မြို့နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

UN Delegate 3 copyမစ္စယန်ဟီးလီဟာ ဇူလိုင် ၂၁ ရက်နေ့ကတည်းက ကချင်ပြည်နယ် ကို ရောက်ရှိနေ တာဖြစ်ပြီး ဒီကနေ့မှာတော ဗန်မော်မြို့နယ်အတွင်းက တံခွန်တိုင် ဒုက္ခသည်စခန်း ကို ရောက်ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒုက္ခသည်စခန်းတာဝန်ရှိသူတွေအနေနဲ့ မစ္စယန်ဟီးလီကို သူတို့ရဲ့ လိုအပ်ချက်တွေကို ပြောပြခွင့်မရခဲ့ဘူးလို့ တံခွန်တိုင် က္ခသည်စခန်း တာဝန်ခံ ဦးအောင်ဆန်းက ပြောပါတယ်။

တံခွန်တိုင်ဒုက္ခသည်စခန်းမှာ စစ်ရှောင်ဒုက္ခသည် ၂၀၀ လောက်ခိုလှုံနေပြီး ဒုက္ခသည်စခန်းမှာ မီးဖိုဆောင်နဲ့ သောက်သုံးရေစင်တွေပျက်စီးနေလို့ အသစ်ဆောက်ဖို့ လိုအပ်နေသလို ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် ကျောင်းသုံးပစ္စည်းအကူ အညီတွေ လိုအပ်နေတာပါ။

မစ္စ ယန်ဟီးလီဟာ တံခွန်တိုင်စခန်းအပြင် ဗန်းမော်က အေဒီ ၂၀၀၀ နဲ့ ရောဘတ် ဘုရားရှိခိုးကျောင်းမှာ ခိုလှုံနေတဲ့  ဒုက္ခသည်တွေကိုလည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကလည်း ၀ိုင်းမော်မြို့နယ်က သရက်တော ဒုက္ခသည်စခန်းကို သွားရောက်ကာ ဒုက္ခသည်တွေရဲ့ နေထိုင်မှုအခြေအနေ အဆောက်အဦ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေကို မေးမြန်းခဲ့တယ်လို့ စခန်းတာဝန်ရှိသူဦးဖြစ်တဲ့ ဦးစိုင်းအောင်က ပြောပါတယ်။

မစ္စ ယန်ဟီးလီဟာ မနေ့တုန်းက ကချင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ မြစ်ကြီးနားမှာ တွေ့ဆုံခဲ့ပါတယ်။

ဗန်းမော်ခရီးစဉ်ပြီးရင်တော့ မြစ်ကြီးနားကိုပြန်လာမှာဖြစ်ပြီး မြစ်ကြီးနားက ဒုက္ခသည်စခန်းတွေနဲ့ အကျဉ်းထောင်တွေကို သွားဖို့အစီအစဉ်ရှိပါတယ်။

ယန်ဟီးလီဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်တာဝန်ကို မစ္စတာ ကင်တားနားဆီက လွှဲပြောင်းရယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတာပါ။

ကချင်ပြည်နယ်ကို မသွားရောက်ခင်က ရခိုင်ပြည်နယ်က ပဋိပက္ခဘေး ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်စခန်းတွေဆီတွေလည်း သွားရောက်ပြီး လူ့အခွင့်အရေးခြေအနေတွေကို လေ့လာခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013