DVB Logo
Home
မြန်မာသတင်း
မြန်မာဆန် ပိုမိုသန့်ရှင်းရန် တရုတ်တောင်းဆို
DVB
·
July 22, 2014
မြန်မာဆန် ပိုမိုသန့်ရှင်းရန် တရုတ်တောင်းဆို
Donate to DVB

တရုတ်နိုင်ငံကို တင်သွင်းတဲ့ မြန်မာဆန်တွေဟာ ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးပြီးသား  ဆန်တွေဖြစ်ဖို့ တရုတ်အာဏာပိုင်တွေက လိုလားနေတယ်လို့ မြန်မာဆန်စပါးအသင်းက ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်တွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို တင်ပို့နေတာ ဖြစ်ပေမယ့် ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးချက် မလုပ်ဆောင်နိုင်သေးတဲ့အတွက် တရုတ် အာဏာပိုင်က ဒီကုန်သွယ်မှုကို တရားမ၀င်ဘူးလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

494214မကြာသေးခင်က သွားရောက်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သမ္မတတွေတွေ့ဆုံရာမှာ ဆန်တင်ပို့ဖို့ ကိစ္စ ဆွေးနွေး အဆင်ပြေခဲ့သလို ၀န်ကြီး အဆင့် တွေ့ဆုံ ရာမှာလည်း နားလည်မှုစာချွန်လွှာ လတ်မှတ်ထိုးဖို့ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် အောက်ခြေမှာ ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးချက် မလုပ်ပေးနိုင်တဲ့အတွက် တရုတ်နိုင်ငံကို တရားဝင် ဆန်တင်ပို့ဖို့ အခက်အခဲရှိ နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အရင်ကတရုတ်ကို ဆန်တင်ပို့ရင် ၃၀ ရာခိုင်နှုန်းလောက် အခွန်ကောက်ခံတဲ့အတွက် စိတ်မ၀င်စားခဲ့ပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ခွဲတမ်းအရ ၀ယ်ယူရင် အခွန်က ၁ ကနေ ၃ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံရမှာ ဖြစ်တဲ့အတွက် တရားဝင်ပို့ရင် အဆင်ပြေနိုင်တယ်လို့  ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

မြန်မာဆန်အများစုဟာ နယ်စပ်ကနေတဆင့် တရုတ်ကို တင်ပို့ရတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာက ဆန်တန်ချိန် ၇ သိန်းကျော် တင်ပို့ခဲ့တယ်လို့ ဆန်စပါး ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ဆန်းစစ် သုတေသန လုပ်ဆောင်နေတဲ့ Oryza အင်တာနက်စာမျက်နှာက ရေးပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ် ဆန်စပါး ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးချမ်းသာဦးက တရားဝင် တင်သွင်းခွင့်ရမယ်ဆိုရင် တရုတ်ဘက်ကို ရောက်ရင် ဈေးလျော့ခိုင်းတာ၊ အလေးချိန်နဲ့ ပတ်သက်ပြီး နှိမ်တာတွေ ပျောက်ပျက်သွားမယ်လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်ကနေ စတင်ပြီး တရုတ်ကို ဆန်တင်ပို့မှုဟာ ၁၂၅ ဆ မြင့်လာတယ်လို့လည်း ဇွန်လက ကမ္ဘာဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကaတာ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ မြန်မာရဲ့ ဆန်တင်ပို့မှုဟာ တန် ၁.၁ သန်းအထိ ရောက်ရှိနိုင်ပြီး ၂.၁ သန်း တန်ချိန်တင်ပို့ခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ထက် ၄၇ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့  ဆိုပါတယ်။

၂၀၁၃-၁၄ ခုနှစ်လယ်အထိ မြန်မာဆန်စက်တွေရဲ့ ဆန်ထုတ်လုပ်မှုက တန်ချိန် ၁၁.၉၆ သန်း ရှိသလို ၀ယ်ယူတဲ့ ဆန်တန်ချိန်ကတော့ ၁၀.၅ သန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013