ဦးဆန်းဆင့်ကို ရုံးထုတ်၊ မိသားစုဝင်များနှင့် တွေ့ခွင့်ပေး (ဓာတ်ပုံ)
DVB
·
July 22, 2014
ငွေကြေးအလွဲသုံးစားမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့မနက် ရုံးထုတ် စစ်ဆေးပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲပြီး တပြိုင်တည်း နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။