DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ညမထွက်ရအချိန် ကန့််သတ်ချက်လျှော့ချ
DVB
·
July 21, 2014
မန္တလေးတွင် ညမထွက်ရအချိန် ကန့််သတ်ချက်လျှော့ချ
Donate to DVB

မန္တလေးက  မြို့နယ် ၇ မြို့နယ်မှာ  ထုတ်ပြန်ထားတဲ့  ညမထွက်ရ တားမြစ်မိန့် ပုဒ်မ ၁၄၄ ကို ဒီနေ့ အချိန် ကန့်သတ်ချက် လျှော့ချပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့  လဆန်းပိုင်းက  မန္တလေးမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ ကို  ဒီနေ့ကစပြီး ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအုန်းလွင်က ပြောပါတယ်။

10500518_727457623959407_4905384926071999189_nဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ဖို့  ကန့််သတ်ခဲ့ရာက  အခုတော့  ည ၉ နာရီကနေ မနက် ၃ နာရီအထိလို့ ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

အခုလို အချိန်လျှော့လိုက်ပေမယ့် လုံခြုံရေးကိုတော့ အပြည့်အ၀ပေးထားမယ်လို့ တိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအုန်းလွင်က ပြောပါတယ်။

“အားလုံးကတော့ နားလည်မှုရှိဖို့နဲ့ ကောလာဟလ မယုံဖို့ပဲ။ ဒါတွေဖြစ်တယ်ဆိုရင် တို့ကတော့ အကုန်လုံးသိအောင် ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်ထိအောင် တယ်လီဖုန်းတွေနဲ့ တို့တွေရဲ့ တယ်လီဖုန်းတွေထက် ဒီ့ပြင်တယ်လီဖုန်းတွေက မြန်တာကို။ ဒီ့ပြင်တယ်လီဖုန်းက ဘာဖြစ်နေပြီဆိုတာ မဟုတ်ဘူး ဒီမှာ အခြေအနေမှန်က ဒါ။ လူက မြင်မှမမြင်ရပဲ။ ကောလာဟလတွေ မယုံဖို့က အဓိက ကျတာပေါ့။ တဖွဲ့နဲ့တဖွဲ့၊ တနေရာနဲ့တနေရာ ယုံကြည်မှုရှိဖို့ လိုတာပေါ့။ အခုဖြစ်သွားတဲ့ ဖြစ်စဉ်မှာလည်း ကောလာဟလနဲ့လည်း ဆိုင်သွားတာကို။”

မန္တလေးမြို့မှာ ညမထွက်ရတာကြောင့် မြို့ခံလူထုတွေရဲ့  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခက်အခဲတွေ ကြုံတွေ့နေရလို့ ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့  မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တင်ပြတောင်းဆိုထားတာဖြစ်ပါတယ်။

တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအုန်းလွင်ကတော့  ညဘက်မှာ ပြဿ    နာအဖြစ်များတဲ့ အတွက် လောလောဆယ်မှာတော့တော့   ညမထွက်ရအမိန့် လုံးဝရုပ်သိမ်းဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

အခုလို အချိန်လျှော့ပေးလိုက်တဲ့ အပေါ်မှာ  မန္တလေးမြို့ စူပါမတ် ကက်တခုရဲ့အရောင်းတာဝန်ခံ ကိုဇင်မောင်က “အချိန်လျှော့လိုက်ရင် ရုံးဝန်ထမ်းသမားတွေ၊ ဆိုင်သမားတွေအတွက်ကတော့ ဘာမှ သိပ်မထူးခြားဘူး။ ကျနော်တို့က မနက်ခင်းပိုင်း။ ညဘက်ကို အချိန်လျှော့ရင်တော့ မဆိုးဘူး။ အခုဆို ည ၇ နာရီလောက်ဆိုတာနဲ့ ဆိုင်တွေက အကုန်ပိတ်ကြပြီ ပြန်ရတဲ့အခြေအနေအရ။ တကယ်လို့ ညဘက်ကို လျှော့ပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်” လို့ ပြောပါတယ်။

အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ သတင်းတပုဒ်ကို အကြောင်းပြုလို့ ဒီလဆန်းပိုင်းကပဲ မန္တလေးမြို့မှာ အကြမ်းဖက်ဆူပူတာတွေ ဖြစ်ပွားခဲ့ရာက လူ ၂ ဦးသေဆုံးခဲ့ပြီး ဆိုင်ခန်း၊ ကား၊ ဆိုင်ကယ် စတာတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး အသီးသီးက ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ ကန့််သတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013