DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ရန် အန်အယ်လ်ဒီ အကြံပြု
DVB
·
July 21, 2014
ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ရန် အန်အယ်လ်ဒီ အကြံပြု
Donate to DVB

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်မဲပေးစနစ်ပါအ၀င် ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့ နည်းဥပဒေတွေကို  ပြင်ဆင်ပယ်ဖျက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လယ်ဒီ) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။

nld_flag_by_spidyweb-d4wo1lxအမျိုးသားဒီမိုရေစီ အဖွဲ့ချုပ်က ဒီကနေ့ ရက်စွဲ နဲ့ ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင်ဆီ အကြံပြုချက် ၁၀ ချက်ကို တင်ပြထုတ်ပြန် ထားတာဖြစ်ပါတယ်။

ဒီအကြံပြုလွှာ မှာ ရွေးကောက်ပွဲ  မဲဆွယ်စည်းရုံးရေးကာလကို  ရက်ပေါင်း ၃၀ အစား ရက်ပေါင်း ၆၀ ပေးသင့်ကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာပြီးတဲ့ နေ့ကစလို့ ၁၅ ရက် အတွင်း စုဝေးဟောပြောမယ့် အစီစဉ်ကို ကော်မရှင်ဆီ လျှောက်ထားရမယ်ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်းနဲ့ ဟောပြောမယ့်ရက်မတိုင်ခင်  ၅ ရက်ကြိုတင်အကြောင်းကြားရုံနဲ့ လုံလောက်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေး ပါတီက လွှတ်တော် ကိုယ်စားလှယ်တချို့ဟာ ကြိုတင်မဲနဲ့ အနိုင်ရခဲ့တယ်ဆိုပြီး  ဝေဖန်ခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီလိုတင်ပြရတာဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေချင်တဲ့အတွက် တင်ပြရတာလို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီရဲ့  အကြံပြုချက်တွေထဲမှာ  မဲဆန္ဒရှင် အသုံးအနှုန်း၊  မဲရုံထဲ ၀င်ခွင့်ရတဲ့ ပုဂ္ဂိုလ်နဲ့ ပယ်မဲကိစ္စတွေအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟာ သမာသမတ်ကျတဲ့ အများပြည်သူလေးစားပြီး ဂုဏ်သိက္ခာရှိတဲ့သူ၊ နိုင်ငံရေးပါတီဝင်အဖြစ်က ၅ နှစ် ကင်းလွတ်သူ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေလည်း ပြင်ဆင်ဖို့ ထောက်ပြထားပါတယ်။

လက်ရှိမှာ  ရွေးကောက်ပွဲနည်းဥပဒေနဲ့ ပတ်သက်ပြီး မူကြမ်းအဆင့်ပဲရှိသေးတာကြောင့်  အကြံပြုထားတဲ့ အချက် ၁၀ ချက်ကို ထည့်သွင်းစဉ်စားပြီး ပြင်ဆင်ပေးဖို့လည်း အန်အယ်လ်ဒီပါတီက တောင်းဆိုထားပါတယ်။

နိုင်ငံရေးပါတီတွေဟာ အရင်ကလည်း အလားတူပြင်ဆင်မှုတွေ ပြုလုပ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆို တိုက်တွန်းမှုတွေ လုပ်ခဲ့ဖူးပေမယ့် ကော်မရှင်က ပြင်ဆင်ပေးခြင်းမရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ နိုင်ငံရေးပါတီတွေဆီ ပေးပို့ထားတာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013