DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ် ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ စုံစမ်း
DVB
·
July 21, 2014
ကုလကိုယ်စားလှယ် ကချင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ စုံစမ်း
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ  ကချင်ပြည်နယ်ကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာနေပါတယ်။

[caption id="attachment_60288" align="alignright" width="300"] မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ်အသစ် ယောင်ဟီးလီ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ်အသစ် ယန်ဟီးလီ[/caption]

မစ္စ ယန်ဟီးလီဟာ မနေ့က ရခိုင်ပြည်နယ် က ပြန်လာပြီးနောက် ဒီနေ့ မနက်ပိုင်းမှာ ကချင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေ နဲ့ မြစ်ကြီးနား မှာ တွေ့ဆုံခဲ့ တာ ဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ပထမဆုံး ခရီးစဉ်ဖြစ်တာနဲ့ညီ ကချင်ပြည်နယ်ထဲက ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ ကုလကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့တဲ့ ကချင်ပြည်နယ် လူမှုရေး ၀န်ကြီး ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို  ပြောပါတယ်။

ဒါ့အပြင် အရွယ်မရောက်သူတွေ စစ်မှုထမ်းတဲ့ကိစ္စ၊ အစိုးရနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ထိန်းချုပ်ရာ နယ်မြေမှာ ရှိတဲ့ ရွှေ့ပြောင်း ဒုက္ခသည်စခန်းအရေအတွက်နဲ့ လူဦးရေ၊ ဒီနေရာတွေမှာ ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေး၊ ပညာရေး အခြေအနေ၊ မြေယာဆုံးရှုံးမှုနဲ့ တရားစီရင်ရေးမှာ အကျင်ပျက်ခြစားမှု ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မစ္စယန်ဟီးလီဟာ  မြစ်ကြီးနားကနေတဆင့်  ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ သရက်တော စစ်ရှောင် ဒုက္ခသည်စခန်းကို  သွားရောက်ခဲ့သလို  ဒီနောက်မှာ  ဗန်းမော်ကို ဆက်လက်သွားရောက်ဖို့ရှိပါတယ်။

မြစ်ကြီးနားအခြေစိုက် ရှေ့နေ ဦးမားခါးကတော့ ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာအစိုးရ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရာထူးကို ရယူခဲ့ပြီးတဲ့နောက် ဒီခရီးစဉ်ဟာ ယန်ဟီးလီရဲ့  ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

မစ္စရန်ဟီးလီဟာ ဇူလိုင် ၁၆ ရက်က  မြန်မာပြည်ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး   ရန်ကုန်မှာ ဘာသာရေးခါင်းဆောင်တွေ၊    မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးအခြေအနေတွေကိုလည်း ဇူလိုင်လ ၁၈ ရက်ကနေ ၂၀ ရက်ထိ ၃ ရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။ သူ့ရဲ့ ၁၀ ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲကော်မရှင်တို့နဲ့  တွေ့ဆုံဖို့ ရှိတယ်လို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာပြည်လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ လာမယ့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ   တင်သွင်းမှာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013