DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်
DVB
·
July 21, 2014
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်
Donate to DVB

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်း အနီးတ၀ိုက်မှာ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေကြား  ဒီကနေ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

[caption id="attachment_53120" align="alignright" width="300"]ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ရှမ်းပြည်တပ်မတော်မြောက်ပိုင်း[/caption]

ကျေးသီးမြို့နယ် ပန်စဲ့၊ လွယ်ရွဲ ကျေးရွာအနီး က တောအုပ်တွေမှာ ဒီကနေ့ မနက်စောစော ကနေ နေ့ခင်းထိ ရှမ်းပြည်တပ်မတော် ဌာနချုပ် အပြင်စည်း  လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့  စကခ - ၂၊  အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့  ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့တော့ တမနက်လုံးပဲ။ မနက် ၆၊ ၇ နာရီလောက်ကနေပြီး နေ့ခင်း ၁၂ နာရီအထိ ဆက်တိုက်ဖြစ်နေတာပဲ။ အပြန်အလှန် လက်နက်ကြီးတွေနဲ့ရော ပစ်ကြတာ။ အပြင်စည်း လုံခြုံရေးတပ်နဲ့ဆို ၁ မိုင်၊ ၂ မိုင်လောက်ပဲ ဝေးတယ်။ သူတို့ နယ်မြေရှင်းလင်းရေး လုပ်တယ်။ အဲဒီနေရာနဲ့ ဖာဆောင်တ၀ိုက်မှာ သူတို့ ရှင်းလင်းရေး လှုပ်ရှားနေတယ်။”

ထိခိုက်ဒဏ်ရာရမှု အခြေအနေမှာတော့ စိစစ်နေဆဲဖြစ်လို့ အတိအကျ မပြောနိုင်သေးကြောင်း၊ အဲဒီနေရာဟာ ရွာနဲ့လည်း နီးလို့ လူနေအိမ်ခြေနဲ့ ရွာသားတွေအတွက်  စိုးရိမ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ ပတ်ဝန်းကျင်တ၀ိုက်မှာ အစိုးရတပ်ရင်း ၁၀ ရင်းက အင်အား ၁၀၀၀ လောက် ၀င်ရောက်လှုပ်ရှားနေပြီး တိုက်ပွဲဖြစ်မှာကို စိုးရိမ်တဲ့ ရွာသား ၂၀၀ ကျော် ၀မ်ဝပ် ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးခိုလှုံနေကြပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇွန်လက ဒီဒေသထဲမှာရှိတဲ့ ဖာဆောင်တံတားကနေ ဆုတ်ခွာသွားဖို့ စစ်တပ်က ညွှန်ကြားခဲ့ပြီး SSA မြောက်ပိုင်းကလည်း  မိမိနေရင်းအရပ်ဖြစ်တဲ့အတွက် ဆုတ်မပေးနိုင်လို့ စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ  ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်တို့နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ကိုယ်စားလှယ်တွေ  တွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးခဲ့ပြီးလည်းဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကတော့ အက်စ်အက်စ်အေ ၀မ်ဟိုင်းတပ်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်ကို လိုက်နာမှုမရှိဘဲ  တပ်မတော် စစ်ကြောင်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ ဇူလိုင် ၁၅ ရက်နေ့  ပြည်သူ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကတော့ ကာကွယ်ရေးဒုဝန်ကြီး  ဗိုလ်ချုပ်ကျော်ညွန့်ရဲ့ ဖြေကြားချက်တွေဟာ ဖြစ်ရပ်မှန်တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ အပစ်ခတ်ရပ် သဘောတူချက် စာချုပ်ပါ အချက်အလက်တွေကို ကိုးကားပြီး ဇူလိုင်လ ၁၈ ရက် မှာ ကြေညာချက် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့အနေနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ခိုင်မာအောင် ဆောင်ရွက်သင့်တဲ့ အကြံပြုချက် ၅ ချက်၊ လတ်တလော စစ်ဘေးရှောင်ဒုက္ခသည်များ အခြေအနေ စတာတွေ ပါဝင်တဲ့ စာမျက်နှာ ၁၀ မျက်နှာရှိ  အစီရင်ခံစာ တစောင်ကို ဇူလိုင် ၁၈ ရက်နေ့က အစိုးရဆီ ပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013