DVB Logo
Home
မြန်မာသတင်း
ရိုးရာဓလေ့ဖြင့် မီးလှုံရာမှ မိခင်နှင့်ကလေး မီးခိုးမွှန်ပြီး သေဆုံး
DVB
·
July 21, 2014
ရိုးရာဓလေ့ဖြင့် မီးလှုံရာမှ မိခင်နှင့်ကလေး မီးခိုးမွှန်ပြီး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ပကျုတ်ခီရိခန်ခရိုင်မှာ မီးနေသည် မြန်မာအလုပ်သမတဦး ထင်း မီးမြှိုက်လှုံရာကနေ မီးခိုးငွေ့မွှန်ပြီး မွေးစကလေးပါ သေဆုံးခဲ့သလို အခန်းထဲက ဆွေမျိုး ၃ ဦးပါ အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

EyWwB5WU57MYnKOuFZkbRVSLCMh8wev0rZay1TiyMvX8iHymF36ZxTဇူလိုင်လ ၂၀ ရက်နေ့  မနက် ၈ နာရီအချိန်က ပကျုတ်ခီရိခန်မြို့ ခလောင်းဝပ်လမ်း ဆ၀ိုင်ချုတ် ရပ်ကွက်ထဲမှာ မီးလောင်မှုဖြစ် ပွားကြောင်း သတင်းပေးချက်အရ  ရဲတပ်ဖွဲ့ဝင် နဲ့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှုရာမှာ အလုပ်သမားတွေ ငှားနေတဲ့ ၅ ခန်းတွဲ တိုက်ခန်းထဲမှာ မီးခိုးငွေ့မွှန်ပြီး သေဆုံးနေတဲ့ မိခင်နဲ့ ကလေးရော၊ မေ့မြောနေသူ  ၃ ဦးပါ တွေ့ရှိခဲ့တယ်လို့ ခလောင်းဝပ်ရဲစခန်း တာဝန်ကျ ဒုစခန်းမှူး နိုင်းအားမွန်း ဖစ်ချဒုန်းက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်ပွားရာ အခန်းဟာ အတွင်းကနေ ပိတ်ထားတဲ့အတွက် တာဝန်ရှိသူတွေဟာ တံခါးကို ဖျက်ဝင်ခဲ့ရပြီး ပြူတင်းပေါက်တွေပါ အလုံပိတ်ထားတာ တွေ့ရကြောင်း၊ ခုတင်အောက်မှာလည်း ဇလုံတခုထဲမှာ ပြာထည့်ပြီး မီးမြှိုက်ထားတဲ့ ထင်းသုံးချောင်းကို တွေ့ရတဲ့အတွက် အခန်းထဲက လူတွေ လေ၀င်လေ ထွက်ပြတ်လပ်ပြီး သေဆုံးမေ့မြောကုန်တာလို့ ရဲအရာရှိက ခန့်မှန်းပြောဆိုပါတယ်။

ရဲစခန်းကို သတင်းပေးသူဟာ ရေလုပ်သား ကိုဒိုင်း ဆိုသူဖြစ်ပြီး ညအလုပ်ဆင်းပြီးနောက် မနက်အိမ်ပြန်လာရာမှာ အိမ်ထဲဝင်လို့မရဘဲ ထူးထူးခြားခြားတိတ်ဆိတ်နေတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူမှာ ကိုဒိုင်းရဲ့ ဇနီး ရီဖာထော အသက် ၂၂ နှစ် ဖြစ်ပြီး စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကမှ ပကျုတ်ခီရိခန်ဆေးရုံကနေ ကလေးမွေးပြီး အိမ်ပြန်ကာ ရိုးရာ ဓလေ့အရ မီးလှုံခဲ့ကြောင်း၊ ကလေးကိုတော့ အမည်မပေး ရသေးဘူးလို့ ဆိုပါတယ်။

သတိလစ်မေ့မြောသူ ၃ ဦးကတော့ မီးနေသည်ကို လာစောင့်ပေးတဲ့ မမိုး ၃၅ နှစ်၊ မထွန်းလိတ် ၁၅ နှစ်နဲ့ မောင်ထွေး ၆ နှစ်တို့ ဖြစ်ကြောင်း တာဝန်ကျရဲအရာရှိအပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

ပကျုတ်ခီရိခန်ဆေးရုံကြီးရဲ့ စစ်ဆေးချက်အရ  သားအမိ ၂ ဦးဟာ မနက် ၂ နာရီလောက်တည်းက သေဆုံးခဲ့တာဖြစ်ပြီး မေ့မြောသူ ၃ ဦးမှာ အဆုတ်ထဲ ကာဗွန်မိုနောက်ဆိုဒ်ဝင်သွားတဲ့အတွက်  အောက်ဆီဂျင်ပေးသွင်း ကုသထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013