နယူးကာဆယ်အသင်း ညာနောက်ခံလူ ဒီဗျုချီကို အာစင်နယ် ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
1K
အာစင်နယ်က နယူးကာဆယ်အသင်းရဲ့ ညာနောက်ခံလူ ဒီဗျုချီကို ခေါ်ယူလိုက်ပါတယ်။
[caption id="attachment_60682" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ပြောင်းရွှေ့ကြေး ကို ဖော်ပြတာ မရှိပေမယ့် ဒေါ်လာ သန်း ၂၀ ၀န်းကျင် လောက် ရှိလိမ့်မယ်ဆိုပြီး ဗြိတိသျှမီဒီယာတွေက ခန့်မှန်းဖော်ပြနေ တာပါ။
အာစင်နယ်က အသင်း ပြောင်းသွားတဲ့ ဆက်ဂါနာရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၂၈ နှစ် အရွယ် ညာနောက်ခံ လူကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
ဒီဗျုချီဟာ ပြင်သစ်လက်ရွေးစင် တဦးဖြစ်ပြီး ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ကွာတား ဖိုင်နယ်အထိ ရောက်ခဲ့ပါတယ်။
နည်းပြ အာစင်ဝင်းဂါးကတော့ ဒီဗျုဟာ အရည်အချင်းမီတဲ့ နောက်တန်းသမားဖြစ်ပြီး ပရီးမီးယား လိဂ် အတွေ့အကြုံလည်း ရှိပါတယ်။ သူ့အနေနဲ့ အသင်းရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
ဒီဗျုချီဟာ ပြင်သစ်ကလပ် လိုင်လီကနေ နယူးကာဆယ်ကို ရောက်ရှိလာပြီး ၁၈ လအကြာမှာ အာစင်နယ်ကို ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။
