DVB Logo
Home
မြန်မာသတင်း
ပီအာရ်စနစ်ကို ကျင့်သုံးရင် တိုင်းရင်းသားပါတီများ ဆန္ဒပြမည်
DVB
·
July 19, 2014
ပီအာရ်စနစ်ကို ကျင့်သုံးရင် တိုင်းရင်းသားပါတီများ ဆန္ဒပြမည်
Donate to DVB

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု ပီအာရ်စနစ်ကို အသုံးပြုမယ်ဆိုရင်တိုင်း ရင်းသားပါတီများက ဦးဆောင်ပြီးပြည်နယ်အားလုံး တပြိုင်နက်ဆန္ဒထုတ်ဖော်သွားမယ် လို့ ပြောဆိုလိုက်ပါတယ်။

[caption id="attachment_60644" align="alignright" width="300"]ညီနောင်တိုင်းရင်းသားများပါတီ  ဒုဥက္ကဋ္ဌ ဦးစောမြင့်သန်း ညီနောင်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးစောမြင့်သန်း[/caption]လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် ပီအာရ် ကို ပြည်နယ်တွေမှာ အသုံး ပြုမယ်ဆိုရင် တိုင်းရင်းသားပါတီများက ဦးဆောင်းပြီးပြည်နယ် ၇ ခုစလုံးမှာ တပြိုင်နက်တည်း ဆန္ဒထုတ်ဖော်ပြီးကန့်ကွက်မှု တွေပြုလုပ်သွားမယ်လို့ ညီနောင်တိုင်းရင်းသားများပါတီ ပြောရေးဆိုခွင့်ရှိ သူက နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်မှာ ၂ ရက်ကြာပြုလုပ်တဲ့ ညီနောင်တိုင်းရင်းသားများပါတီရဲ့ ပုံမှန်အစည်းအဝေးအပြီးမှာ ပြောကြားလိုက်တာပါ။

ညီနောင်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးစောမြင့်သန်း က “ပီအာရ် တကယ်လို့ ဖြစ်လာမယ်ဆိုရင် ဦးတို့ တိုင်းရင်းသားပါတီတွေ ပြည်နယ်က လုံးဝ လက်မခံဘူး။ ဒီနေ့လည်း လက်မခံဘူး။ မနက်ဖြန်လည်း လက်မခံဘူး။ ၂၀၁၅ မှာလည်း လက်မခံဘူး။ ဘာပဲဖြစ်ဖြစ် ဦးတို့ လုပ်နိုင်တာက တကယ်လို့ မဲခွဲဆုံးဖြတ်လို့ ရှုံးရင်တောင်မှ ပြည်နယ်အားလုံး လုံးဝကန့်ကွက် ဆန္ဒပြမယ်။ တောက်လျှောက်ဆန္ဒပြမယ်။ ဦးတို့ရဲ့ ပြည်နယ်အားလုံးက ပီအာရ် နဲ့ ပတ်သက်ပြီး လုံးဝ လက်မခံဘူး။ ၇ ပြည်နယ်မှာ ဦးတို့လုံးဝ လက်မခံဘူး။ ပထမအနေနဲ့ ကန့်ကွက်ဆန္ဒပြမယ်”လို့ ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပြည်နယ် ၇ ခုလုံး မှာ တပတ်အတွင်း ဆန္ဒထုတ်ဖော်သွားမှာဖြစ်ပြီး အားလုံးကြိုတင်ပြင်ဆင်ပြီး ဖြစ်တယ်လို့ ညီနောင်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးစောမြင့်သန်း က ပြောပါတယ်။
“တကယ်လို့ ပြည်ထောင်စုက ဆုံးဖြတ်လိုက်ပြီဆိုရင် ၁ ပတ်အတွင်းမှာ ဖြစ်နိုင်အောင် အားလုံး စီစဉ်ထားတယ်။ ဒီနေ့ ကြွေးကြော်သံတွေ အားလုံး တနိုင်ငံလုံးအတိုင်းမှာ ကြွေးကြော်သံ တမျိုးနဲ့ပဲ။ ကြွေးကြော်သံ ၄ ခုလုပ်ထားတယ်။ ဆိုင်းဘုတ်နဲ့ ဆန္ဒပြတဲ့ ဗီနိုင်း ၁၁ မျိုးလုပ်ထားတယ်။ နောက်ပြီးတော့ တတ်ရောက်တဲ့ ကိုယ်စားလှယ်အားလုံးဟာလည်း သူတို့ နေရာမှာသူတို့ အားလုံးအဆင်သင့်ဖြစ်ပြီ ဒီက အချက်ပြလိုက်တာနဲ့ တောက်လျှောက်လုပ်မယ်။”

၂ ရက်တာပြုလုပ်ခဲ့တဲ့ ညီနောင်တိုင်းရင်းသားများပါတီ အစည်းအဝေးအပြီးမှာတော့ ပီအာရ် စနစ်အပေါ် ကန့်ကွက်ဆန္ဒပြရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်ဆောင်ရွက်ရေးစတဲ့ အချက်တွေအပါအ၀င် အချက် ၅ ချက်ပါဝင်တဲ့ သဘောထား ထုတ်ပြန်ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013