Home
သတင်းတို
ရန်ကုန်တွင် ဆိုက်ဘာစီးတီးတခု တည်ဆောက်ရန် သမ္မတ တာဝန်ပေး
DVB
·
July 19, 2014
U Thein Sein Speech MDY 15052014မန္တလေးတိုင်း ပြင်ဦးလွင်က ရတနာပုံ ဆိုက်ဘာစီးတီးနီးတူ အောက်မြန်မာပြည် ရန်ကုန် ပတ်ဝန်းကျင်မှာ ဆိုက်ဘာစီးတီးတခု တည်ထောင်ဖို့ သမ္မတ ဦးသိန်းစိန်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း သမ္မတနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အပါအ၀င် အိုင်စီတီ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပွဲမှာ ခုလို တာဝန်ပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆိုက်ဘာစီးတီး တည်ထောင်ဖို့ ရန်ကုန်တိုင်းအစိုးရဟာ သင့်တော်တဲ့တနေရာမှာ ဧက ၅၀၀နဲ့ ၆၀၀ ရှိတဲ့ မြေနေရာကို ရှာဖွေပေးရမှာ ဖြစ်ပါတယ်။ အခု တည်ဆောက်မယ့် ဆိုက်ဘာစီးတီးမှာ ဆော့ဖ်ဝဲ ရေးမယ့် လုပ်ငန်းတွေ၊ ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်ပစ္စည်း တပ်ဆင် ထုတ်လုပ်မယ့် စက်ရုံတွေ၊ တက္ကသိုလ်နဲ့ သင်တန်းကျောင်းတွေ နဲ့ လူနေ အဆောက်အဦတွေ ပါဝင်မယ်လို့ ကနဦး စီမံကိန်း ဖော်ပြချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024