A d v e r t i s e m e n t With Us

ငါ့ညီပြောင်ဝင်း – ဇော်ဂျီ

ဆရာဇော်ဂျီ
ဆရာဇော်ဂျီက အာဇာနည်နေ့ ဖြစ်ရပ်ဆိုးကြီးနဲ့ပြည်သူ့ခံစားချက်တွေကို “ပြောလိုက်ပါဘိ၊ ဟောပါဘိ” ကဗျာမှာ “ငါ့ညီပြောင်ဝင်း” သို့ အောက်ပါအတိုင်း စပ်ဆိုသီကုံးခဲ့ပါတယ်။ “ငါ့ညီပြောင်ဝင်း”   မိုးက စိုစို၊ ကျီးအုပ်ပြို၍ ထိုမှဤမှ၊ တို့လမ်းမတွင် ပျံကြ ၀ဲကြ၊ ငရဲထသို့ အုံကြွမြည်အာ၊ မသာယာကို ငါကြားခဲ့၏ မှတ်မိ၏။   ထိုနေ့၌ပင်၊ ထိုချိန်ထင်၏ သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည် ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏ မြေခသတင်း၊ မိုးကြိုးခွင်းသို့ အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌ မချင့်မရဲ၊ ၀မ်းနဲခံခက် မျက်စိမျက်နှာ၊ ညှိုးကြရှာသည် ရွာဦးပိုင်းမှ သင်္ချိုင်းထိ။ (ဇော်ဂျီ)

A d v e r t i s e m e n t With Us

More News
Up