A d v e r t i s e m e n t With Us

၆၇ နှစ်မြောက် အာဇာနည်နေ့

ဇူလိုင် ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ သမိုင်း​မှာ နစ်နာဆုံး​ရှုံးမှု အကြီး​မား​ဆုံး​နဲ့ ရင်နင့်​ကြေကွဲစရာ နှမြောတသစရာ အ​ကောင်း​ဆုံး​နေ့ ဖြစ်ပါတယ်။ လွန်ခဲ့​တဲ့​ ၆၇ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသား​ခေါင်း​ဆောင်ကြီး​ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့တကွ အာဇာနည် ၈ ဦး​ဟာ လက်နက်ကိုင်အကြမ်း​ဖက်သမား​တွေရဲ့ လုပ်ကြံမှု​ကြောင့်​ အသက်ဆုံး​ရှုံး​ခဲ့​ရပါတယ်။ ဒီလို တိုင်း​ပြည်အတွက် အသက်စွန့်လွှတ်သွား​ခဲ့​ရတဲ့​  ပုဂ္ဂိုလ်ကြီး​များ​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ဇူလိုင် ၁၉ ရက်​နေ့ကို အာဇာနည်​နေ့လို အစဉ်အဆက် သတ်မှတ်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ၁၉၈၈ ခုနှစ်မှာ န၀တစစ်အစိုး​ရက အာဏာသိမ်း​ယူလိုက်တဲ့​ အချိန်ကစပြီး​ အလွန်အ​ရေး​ပါတဲ့​ အမျိုးသား​ရေး​ဆိုင်ရာနေ့တ​နေ့အဖြစ် မကျင်း​ပ​တော့​သလို အာဇာနည် ​ခေါင်း​ဆောင်ကြီး​များ​ရဲ့ အ​ကြောင်း​ကိုလည်း​ အများ​ပြည်သူသိ​အောင် ​ဟော​ပြော​ရေး​သား​ အသံလွှင့်​တာမျိုးတွေ ဆုတ်ယုတ် လျော့​ပါး​လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာမှ အာဇာနည်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ရေသားဖော်ပြခွင့်တွေ ရလာခဲ့တာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up