DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရေး မြန်မာသံရုံး ကွင်းဆင်းဆောင်ရွက်မည်
DVB
·
July 17, 2014
ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရေး မြန်မာသံရုံး ကွင်းဆင်းဆောင်ရွက်မည်
Donate to DVB

ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၆၀ စာနေထိုင်ခွင့် ပန်းရောင်ကတ်ပြား ရရှိထားသူ  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဆက်လက်ပြီး နိုင်ငံသား စိစစ်နိုင်ဖို့ မြန်မာသံရုံးက စက်ရုံအလုပ်ရုံထိ ကွင်းဆင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့  နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ယာယီနေထိုင်ခွင့် ပန်းရောင်ကတ်ပြားတွေ ထုတ်ပေးနေပါတယ်။

Burmese Migrant for Myanmar Embအဲဒီ ပန်းရောက်ကတ်ဟာ ရက်ပေါင်း ၆၀ စာနေထိုင်ခွင့် သက်တမ်းရှိပြီး အလုပ်သမားတွေအနေနဲ့  ထိုင်းနိုင်ငံထဲမှာ ဆက်လက်နေထိုင်နိုင်ဖို့အတွက် ဒီကာလ အတွင်းမှာ နိုင်ငံသားစိစစ်ရေးနဲ့ အလုပ်သမားကတ်တွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

နိုင်ငံသားစိစစ်ရေးအဆင့်မှာ အလုပ်သမားတွေ အဆင်ပြေစွာနဲ့ အလျင်အမြန် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာသံရုံးအနေနဲ့ အခုလိုစီစဉ်လိုက်တာလို့  အလုပ်သမားသံမှူး ဦးသိန်းနိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံ အနှံ့က စက်ရုံအလုပ်ရုံတွေမှာ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ဖို့ မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအကျိုးဆောင် ၁၀ ဦးက တာဝန်ယူ ကောက်ခံ ပေးသွားမှာဖြစ်ပြီး အကျိုးဆောင်များရဲ့အမည်နဲ့ ဖုန်းနံပတ်တွေလည်း ထုတ်ပြန်ကြေညာပေးထား ပါတယ်။

ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အသေးစိတ်နဲ့ ပတ်သက်ပြီး ဒီကနေ့  ညနေ ၄ နာရီ ဘန်ကောက်မြန်မာသံရုံးမှာ ဆွေးနွေးမယ်လို့  ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ အကျိုးဆောင် ဦးဘိုလေးက ပြောပါတယ်။

စက်ရုံအလုပ်ရုံထိ လာကောက်တာကို မစောင့်ဘဲ မိမိကိုယ်တိုင်လာရောက်လိုသူ အလုပ်သမားတွေအတွက်လည်း မြန်မာသံရုံးကနေ လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ အလုပ်သမားတွေဘက်က မြန်မာမှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယားမိတ္ထူ ၊ ပတ်စပို့ ဓာတ်ပုံ ၂ ပုံ၊ ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ပန်းရောင်ကတ် မိတ္ထူတွေ  ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း ကြေညချက်မှာ ဖော်ပြထားပါတယ်။

မြန်မာမှတ်ပုံတင်ကတ်ပြား၊ အိမ်ထောင်စုဇယားတွေ လက်ထဲမှာ မရှိသေးဘူးဆိုရင်လည်း  မှတ်ပုံတင်နံပတ်နဲ့ မြန်မာပြည်က နေရပ်လိပ်စာတွေ အမှန်အကန် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက အထောက်အထားမဲ့  နိုင်ငံခြားအလုပ်သမားတွေအတွက် ၀မ်းစတော့ပ် ဆားဗစ်စင်တာလို့ခေါ်တဲ့ တနေရာတည်းအပြီးစခန်းတွေ ဖွင့်လှစ်ပြီး ပန်းရောင်ကတ်တွေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ထိုင်းနိုင်ငံတ၀ှန်းလုံးမှာ ဆောင်ရွက်ပေးမယ်လို့ ထိုင်းအစိုးရက ဇွန်လ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပြီး ပထမဆုံး စမွတ်စခွန်ခရိုင်၊  အဲဒီနောက် ထိုင်းတောင်ပိုင်းနဲ့ အလယ်ပိုင်းခရိုင် ၇ ခု ၊ ဘန်ကောက်ခရိုင်မှာ ၆ ခု တို့မှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

ကျန်တဲ့ခရိုင်တွေမှာတော့ စခန်ဖွင့်ကြောင်း မကြေညာသေးပေမယ့် သက်ဆိုင်ရာ ခရိုင်အလုပ်သမားရုံးတွေကတော့ အထောက်အထားမဲ့သူ စာရင်းကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပို့ဆောင်ပေးဖို့  ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013