DVB Logo
Home
Lead Story
ဧရာဝတီတတိုင်းလုံးတွင် အာဇာနည်နေ့ ဥသြဆွဲမည်
DVB
·
July 16, 2014
ဧရာဝတီတတိုင်းလုံးတွင် အာဇာနည်နေ့ ဥသြဆွဲမည်
Donate to DVB

ဧရာဝတီတိုင်း တတိုင်းလုံးက  အာဇာနည်နေ့အခမ်းအနားမှာ ဥသြဆွဲမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။

19-july-copyပုသိမ်မြို့မှာတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြုလုပ်မှာဖြစ်ပြီး ကျန်မြို့နယ်တွေကိုလည်း ပြုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သူက ပြောပါတယ်။

“မီးသတ်ကား ၄ စီးနဲ့လည်း ဥသြဆွဲမယ်။ ဆန်စက်တွေ အားလုံး ဥသြဆွဲမယ်။ ဒီလိုလုပ်လာတာ ၃ နှစ်ရှိပါပြီ” လို့ ဦးအေးကျော်က ပြောပါတယ်။

မနက်ဖြန်ကစပြီး ပုသိမ်မြို့တော်ခန်းမကနေပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ၊ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ သီချင်းတွေကို လွှင့်ပေးနေမယ်လို့လည်း ဦးအေးကျော်က ပြောပါတယ်။

ပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ အာဇာနည်ကြီးတွေကို ရည်စူးပြီး ပုသိမ်မြို့တော်ခန်းမမှာ သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းပြီး ကန်သာယာကွင်း အာဇာနည် ကျောက်တိုင်မှာ လွမ်းသူ့ ပန်းခွေချ၊ အလေးပြုတာတွေကို လုပ်သွားမှာ ဖြစ်ပါတယ်။

အာဇာနည်နေ့မှာ ဥသြဆွဲဖို့အတွက် မနှစ်က လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် လုပ်ဆောင်ဖို့ မရှိဘူးလို့ အစိုးရကဖြေကြားခဲ့ပါတယ်။ အဲဒီနောက် မော်တော်ကားတွေ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဟွန်းသံရှည်တီးခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ ကားဟွန်းတီးရင် အရေးယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013