DVB Logo
Home
Lead Story
ယူနတီသတင်းထောက်များ ထောင်ဒဏ်ချမှတ်ခံရမှု အေအေပီပီ-ဘီ ကန့်ကွက်
DVB
·
July 16, 2014
ယူနတီသတင်းထောက်များ ထောင်ဒဏ်ချမှတ်ခံရမှု အေအေပီပီ-ဘီ ကန့်ကွက်
Donate to DVB

နိုင်ငံတော်လျို့ဝှက် ချက် ဖောက်ဖျက်ကျူးလွန်မှုနဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာဟာ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်ကို ဆန့်ကျင်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

Unityယူနတီသတင်းထောက်တွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာအစိုးရက ပြည်သူလုထုရဲ့ လွတ်လပ်မှုကိုကာကွယ်ရာမှာ မည်သို့မှ ပြောင်းလဲတိုးတက်ခြင်းတွေ မလုပ်ဆောင်နိုင်ကြောင်း ပြသရာရောက်တယ်လို့လည်း ဆိုပါတယ်။

ယူနတီသတင်းထောက်တွေကို ၁၉၂၃ ခု မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပေဒအသုံးပြုပြီး ထောင်ဒဏ်ချမှတ်သလို Bi မွန်းတည့်နေ ဂျာနယ်က သတင်းထောက်နဲ့ ၀န်ထမ်းတွေကိုလည်း ၁၉၅၀ ခုနှစ် အရေးပေါ် အက်ဥပဒေအသုံးပြုပြီး ဖမ်းဆီးထားတာဟာ စစ်အာဏာရှင်အစိုးရလက်ထက်က သတင်းလွတ်လပ်ခွင့်တွေကို ဖိနှိပ်မှုပုံစံသာဖြစ် နေတယ်လို့လည်း ထောက်ပြထားပါတယ်။

အေအေပီပီအနေနဲ့ သတင်းထောက် အားလုံး ခြွင်းချက် မရှိ အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ဖမ်းဆီးခံ သတင်းထောက်တွေကိုယ်စား ထောက်ခံပြောဆို သွားမှာဖြစ်သလို လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီဆီကိုလည်း အမည်တွေ တင်သွင်းပြီး သူတို့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013