DVB Logo
Home
Lead Story
အယ်လ်ပီဂျီကို စင်ကာပူကနေ သွင်းတော့မည်
DVB
·
July 16, 2014
အယ်လ်ပီဂျီကို စင်ကာပူကနေ သွင်းတော့မည်
Donate to DVB

ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံထဲ မီးဖိုချောင်သုံး ဂက်စ်အိုးတွေ တရားမ၀င် ခိုးသွင်းနေတာကို ထိုင်းအာဏာသိမ်း စစ်ကောင်စီက တားမြစ်လိုက်ပြီးနောက် မြန်မာနိုင်ငံထဲမှာ မီးဖိုချောင်သုံး အယ်လ်ပီဂျီဈေးနှုန်းတွေ ၃ ဆ နီးပါးလောက် မြင့်တက်လာပါတယ်။

LPG GASဒီပြဿ နာ ဖြေရှင်းဖို့အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ဒေ၀ူး အင်တာနေရှင်နယ်ရဲ့ စင်ကာပူရုံးခွဲ ကုမ္ပဏီကို မြန်မာနိုင်ငံထဲ သင်္ဘောနဲ့ ဂက်စ်တွေ တင်သွင်းခွင့် ပြုလိုက်ပြီလို့ စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

ထိုင်းအစိုးရဟာ မြန်မာ့ရတနာကမ်းလွန်က သဘာဝဓာတ်ငွေ့တွေကို ၀ယ်ယူပြီး သူ့နယ်စပ်နေ ပြည်သူတွေ ဈေးပေါပေါနဲ့ သုံးစွဲနိုင်အောင် အယ်လ်ပီဂျီတွေကို အရှုံးခံ ဖြန့်ဖြူး ရောင်းချပေးပါတယ်။
ဒါကို ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သည်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲ ပြန်ခိုးသွင်း ဖြန့်ဖြူးနေကြတာ ဖြစ်ပါတယ်။
ခုလို ထိုင်းစစ်အစိုးရက ပိတ်ပင်လိုက်တဲ့အခါ မြန်မာနိုင်ငံထဲမှာ နဂိုက အယ်လ်ပီဂျီ ၁ ပိဿာကို ကျပ် ၂၂၀၀ လောက် ရှိရာကနေ ၁ ပိဿာ ကျပ် ၇၀၀၀ ကျော်သည်အထိ ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013