ပါလက်စတိုင်းကို တိုက်ခိုက်မှု အရှိန်မြှင့်မည်ဟု အစ္စရေးပြော

အစ္စရေးက ပါလက်စတိုင်းဘက် တိုက်ခိုက်တာတွေကို အရှိန်မြှင့်သွားမယ်လို့ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပြီး ဒီနေ့ မနက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကို ပြန်စပါတယ်။ အပစ်ရပ်ဖို့ အီဂျစ်ရဲ့ ကြားဝင် ကမ်းလှမ်းချက်နောက်ပိုင်းမှာ အစ္စရေးက တိုက်ခိုက်မှုတွေကို ခဏ ရပ်ထားတဲ့အချိန်မှာ ဟာမက်စ်တွေဘက်က ရော့ကက်ဒုံးကျည် ၈၀ လောက် အစ္စရေးဘက်ကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ Israeliဒါပေမယ့် အစ္စရေးရဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်က ပါလက်စတိုင်းဘက်က ပစ်တဲ့ ဒုံးကျည် ၁၁ လုံးကို ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ဒုံးကျည်တွေကြောင့်လည်း အထိအခိုက် မရှိဘူးလို့ ဆိုပါတယ်။ ရှစ်ရက်ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး ၁၉၀ နီးပါး သေဆုံးသွားပြီး အရပ်သား ၁၅၀ ပါဝင်တယ်လို့ ဂါဇာဒေသရှိ ကျန်းမာရေးဌာန အရာရှိတွေက ပြောပါတယ်၊ အပြန်အလှန်တိုက်ခိုက်မှုတွေ တပတ်ကျော်လာတဲ့အချိန်မှာ အခြေအနေတွေက အရေးကြီးတဲ့ အချိုးအကွေ့မှာ ရောက်နေပါတယ်။ အာရပ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက အပစ်ရပ်ဖို့ တောင်းဆိုနေပေမယ့် ပါလက်စတိုင်း ဟားမတ်အဖွဲ့က ငြင်းဆန်လိုက်တဲ့နောက် အစ္စရေးဘက်က တိုက်ခိုက်မှုကို အရှိန်မြှင့်မယ်လို့ ခြိမ်းခြောက်လာတာပါ။ ဒါကြောင့် လူဦးရေး ၁ ဒသမ ၈ သန်း ရှိတဲ့ ဂါဇာကမ်းမြောင်ဒေသထဲကို အစ္စရေးတပ်တွေ ကျူးကျော် တိုက်ခိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဇူလိုင် ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ဂါဇာနဲ့ နယ်စပ်မှာလည်း အစ္စရေး အမြောက်တပ်တွေလည်း အသင့်နေရာယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up