Home
သတင်းတို
မြန်မာ့ဆက်သွယ်ရေးနဲ့ ကေဒီဒီအိုင် လက်မှတ်ထိုး
DVB
·
July 16, 2014
z9
z8
z6
z4
z2
z1
သိပ်မကြာခင် တယ်လီနော့၊ အော်ရီဒူးတို့နဲ့ ယှဉ်ပြိုင်ရတော့မယ့် မြန်မာ့ဆက်သွယ်ရေးဟာ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်ဖို့ ဂျပန်အခြေစိုက် ကေဒီဒီအိုင်ကော်ပိုရေးရှင်း၊ ဆူမီတိုမို ကော်ပိုရေးရှင်းတွေနဲ့ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ နေပြည်တော်မှာ ဒီနေ့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံခြား အော်ပရေတာတွေနဲ့ ပြိုင်ဖို့ ပူးပေါင်းလုပ်ကိုင်မယ့် နိုင်ငံတကာကုမ္ပဏီကို ရှာဖွေရာမှာ ကေဒီဒီအိုင်ကုမ္ပဏီနဲ့ အချိန်ကြာမြင့်စွာ ဆွေးနွေးညှိနှိုင်းပြီးမှ သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်နိုင်တာပါ။ အလားတူ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ခွင့်ရထားတဲ့ ရတနာပုံတယ်လီပို့ကလည်း နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီ ရှာဖွေနေပေမယ့် မတွေ့သေးဘူးလို့ ဆိုပါတယ်။ သိပ်မကြာခင် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဈေးကွက်ကြီးအတွင်း အော်ပရေတာ ၃ ခု ပြိုင်ဆိုင်မှုကို မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။ [gallery ids="60392,60394,60395,60396,60397,60399"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024