ကျောက်စိမ်းတူးမည့် ကုမ္ပဏီများ သက်တမ်းတိုးရန် ကြေညာ
DVB
·
July 16, 2014
[caption id="attachment_53562" align="alignright" width="300"] ရေမဆေးကျောက် ရှာဖွေနေကြသူများ[/caption]အစိုးရတပ်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ၂ နှစ်ကျော်ကြာ ထုတ်လုပ်ခွင့် ရပ်ထားတဲ့ ဖားကန့်နဲ့ လုံးခင်းအပါအ၀င် ရတနာမြေတွေမှာ ကျောက်စိမ်း တူးခွင့် ပြန်ခွင့်ပြုတော့မှာ ဖြစ်လို့ လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ဇူလိုင် ၂၁ ရက်ကစပြီး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်မှာ လိုင်စင်သက်တမ်း လာတိုးကြဖို့ ဒီနေ့ ကြေညာပါတယ်။
ကျောက်မျက်ရတနာ လုပ်ကွက်များ ချထားပေးရေး စိစစ်ရေးနဲ့ ကြီးကြပ်ရေး ကော်မတီက
ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ ကျောက်စိမ်းတူးဖော်ဖို့ ပြန်ခွင့်ပြုတော့မယ်လို့ ထပ်ပြီး အတည်ပြုထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်နဲ့ လုံးခင်း၊ မော်လူး၊ မော်ဟန်နဲ့ ခန္တီး ရတနာနယ်မြေတွေမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေ ၃၁ ရက်နေ့ကစ ကျောက်စိမ်းတူးဖော်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။