ဒီယေဂိုကော်စတာကို ချဲလ်ဆီး ခေါ်ယူ

1.6K
ချဲလ်ဆီးကလပ်အသင်းက အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ပေါင် ၃၂ သန်း ၅ နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
“ချဲလ်ဆီးအသင်းနဲ့ လတ်မှတ်ထိုးနိုင်လိုက်တာကို ပျော်ရွှင်မိသလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲမှာ ဒါက ကလပ်အသင်းကြီးဆိုတာ လူတိုင်းသိပါတယ်။ အင်္ဂလန်မှာ ကစားရတာကို ကျနော် စိတ်လှုပ်ရှားပါတယ်” ဒီယေဂိုကော်စတာက ပြောပါတယ်။
ကော်စတာဟာ ၅၂ ပွဲမှာ ၃၆ ဂိုးသွင်းယူထားသလို အရင်နှစ်က သူရဲ့ အက်သလက်တီကိုဟာ စပိတ်လာလီဂါမှာ ဖလားနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ အရင်နှစ်က ပြိုင်ပွဲတလျှောက်လုံးမှာ ၇၁ ဂိုး သွင်းယူထားခဲ့ပေမယ့် မန်စီးတီး အသင်းထက် ၃၁ ဂိုးနည်းနေပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးတွေဖြစ်တဲ့ တောရက်စ်၊ ဒမ်ဘာဘာနဲ့ ဆမ်မြူရယ်အီတိုးတို့ကလည်း ဂိုးပေါက်ပျောက်ခဲ့ကြပါတယ်။
ဖာဘရီဂတ်စ် မာရီယို ပါဆယ်လစ်တို့ပြီးရင် ကောစတာဟာ ချဲလ်ဆီးက ဒီနှစ်မှာ ခေါ်ယူလိုက်တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်။
