DVB Logo
Home
မြန်မာသတင်း
သြဂုတ် ၁၃ ကစပြီး နယ်စပ်ဖြတ်ဗီဇာသက်တမ်းတိုးသူများကို ပြန်ဝင်ခွင့် ထိုင်းပိတ်
DVB
·
July 15, 2014
သြဂုတ် ၁၃ ကစပြီး နယ်စပ်ဖြတ်ဗီဇာသက်တမ်းတိုးသူများကို ပြန်ဝင်ခွင့် ထိုင်းပိတ်
Donate to DVB

သြဂုတ် ၁၃ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ နယ်စပ်ဖြတ်ပြီး ဗီဇာသက်တမ်းတိုးသူတွေကို ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရက ထုတ်ပြန်ထားကြောင်း ဒီနေ့ထုတ် သည်နေးရှင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

သက်ညှာမှုအနေနဲ့ သြဂုဏ် ၁၂ ရက်နေ့ နောက်ထားပြီး လေယာဉ်နဲ့ ရောက်လာသူတွေကို ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

Thai Visaအခု ဗီဇာ သက်တမ်းတိုးသူတွေဟာ  နောက်ဆုံးထုတဲ့ တံဆိပ်နားမှာ O,I ( အောက်  အင်) ၀င်ထွက်လက်မှတ်ကလေးတွေ့မှာဖြစ်ပြီး သူတို့တွေကိုသာ ပြန်ဝင်ဖို့ခွင့်ပြုမှာဖြစ်ပါတယ်။ တကယ်လို့ သင့်လျော်တဲ့ ဗီဇာကို မပြနိုင်ဘူးဆိုရင် သြဂုဏ်လ ၁၃ ရက်နေ့ကစပြီး ပတ်စ်ပို့မှာ O I ဝင်ထွက် လက်မှတ်နဲ့ ဘယ်သူမှ ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။

နယ်စပ်ဂိတ်တွေမှာလည်း သြဂုတ် ၁၃ ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို ပြန်ဝင်လိုတဲ့ ဗီဇာလုပ်သူတွေကို ထားဆီးဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။

ဖောင်းပွနေတဲ့ နေထိုင်ခွင့်ဗီဇာတွေ ဒါမှမဟုတ် အလုပ်လုပ်တဲ့ ဗီဇာတွေနဲ့ တိုးရစ် အလည်ဗီဇာတွေကို စိစစ်ဖို့ ဖြစ်တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။

ပြည်ပက လာရောက် အလုပ်လုပ်ဖို့နဲ့ နေထိုင်ဖို့အတွက် ဗီဇာဆောင်ရွက်ပေးနေတဲ့ အဖွဲ့ တွေ များလာတာဟာလည်း လက်ရှိထိုင်းနိုင်ငံမှာ ဗီဇာ နဲ့ နေထိုင်နေတဲ့ နိုင်ငံခြားသား များပြားမှု တွေ ဖြစ်နေတာကို ပြနေတာပါ။

တချို့ နိုင်ငံခြားသားတွေက တရားမဝင် ဘာသာစကားသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ တခြားစီပွားရေးမှာ အလုပ်လုပ်ကိုင်ပြီး ရက် ၃၀ နဲ့ ရက် ၆၀ တိုးရစ်ဗီဇာသက်တမ်းတိုးတာတွေ နဲ့ နေထိုင်နေကြပါတယ်။ ဒီနည်းလမ်းတွေနဲ့ အလုပ်ရဖို့ကို ပိုလွယ်စေပါတယ်။

တချို့အလုပ်သမားတွေက အရမ်းရှပ်ထွေးနေတဲ့ အလုပ်သမားပါမစ် လုပ်ရတဲ့ လုပ်ငန်းစဉ်တွေနဲ့ စရိတ်စကတွေကို ရှောင်ဖို့ဖြစ်ပါတယ်။

အခုလို ဗီဇာသက်တိုးဖို့ ခွင့်မပြုတော့ဘူးဆိုရင် ထိုင်နိုင်ငံအတွင်းမှာ နိုင်ငံခြား သွားလာမှု ထိခိုက်နိုင်တယ်လို့ ခရီသွားတွေက သုံးသပ်နေကြပါတယ်။

ထိုင်းနိုင်ငံကို လာတဲ့ နိုင်ငံခြားသားတွေအထဲမှာ တောင်ကိုရီးယာ၊ ဗီယမ်နမ် နဲ့ ရှရှားတွေ ပါဝင်ပြီး အများအားဖြင့် တိုးရစ်ဂိုက်လုပ်တာ၊ စားပွဲထိုးလုပ်တာ ဖြစ်တယ်လို့ ထိုင်းလဝက အရာရှိတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံကို လာလိုသူတွေက သင့်လျော်တဲ့ ဗီဇာကိုရှာဖို့၊ အလုပ်လာလုပ်မယ်ဆိုရင် လည်း အလုပ်ဗီဇာ ရယူဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ် ထွက်ပြီး ဗီဇာလျှောက်နေတဲ့ လာအိုနဲ့ မြန်မာနိုင်ငံက နယ်စပ်မြို့တွေမှာလည်း စီးပွားရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013