DVB Logo
Home
မြန်မာသတင်း
စင်ကာပူ- မြန်မာ အသက်မွေးဝမ်းကြောင်းပညာသိပံ္ပ ရန်ကုန်တွင် ဖွင့်လှစ်မည်
DVB
·
July 15, 2014
စင်ကာပူ- မြန်မာ အသက်မွေးဝမ်းကြောင်းပညာသိပံ္ပ ရန်ကုန်တွင် ဖွင့်လှစ်မည်
Donate to DVB

မြန်မာလူငယ်တွေ အသက်မွေးဝမ်းကြောင်း ပညာတွေလေ့ကျင့်သင်ကြားနိုင်မယ့် စက်မှုလက်မှု သိပံ္ပကျောင်းတခုကို  စင်ကာပူနဲ့ မြန်မာ နှစ်နိုင်ငံပုးပေါင်းပြီး ရန်ကုန်မှာ စတင်ဖွင့်လှစ်တော့မယ်လို့ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို စင်ကာပူ ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

[caption id="attachment_60314" align="alignright" width="300"]ဓာတ်ပုံ - moi ဓာတ်ပုံ - moi[/caption]

ဒေါက်တာစိုင်းမောက်ခမ်းနဲ့ စင်ကာပူဝန်ကြီး ချုပ်လီရှန်လွန်းတို့ ၀န်ကြီးချုပ် အိမ်တော်မှာ ဇူလိုင် ၁၄ ရက်နေ့က တွေ့ဆုံရာမှာ  စင်ကာပူ-မြန်မာ  အသက်မွေးဝမ်းကြောင်း ပညာလေ့ကျင့်ရေး သိပံ္ပကျောင်းကို ရှေ့နှစ်ကျရင် ရန်ကုန်မှာ စတင်ဖွင့်လှစ်ဖို့နဲ့ မြန်မာပြည်ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး စင်ကာပူက အားပေးထောက်ခံကြောင်း အသိပေး ပြောကြားခဲ့တာလို့ စင်ကာပူ အခြေစိုက် CNA  သတင်းမှာ ဖော်ပြပါတယ်။

ဒီသင်တန်းကျောင်းဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၂ ခုနှစ် စင်ကာပူခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာလက်မှက်ရေးထိုး သဘောတူခဲ့တဲ့ စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်မှာ  လုပ်ဆောင်တာဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်းပညာသိပံ္ပ Vocational Training Institute ( VTI) ကျောင်းသစ်မှာ  အင်ဂျင်နီယာပညာ၊  အီလက်ထရောနစ်ပညာနဲ့ ဟိုတယ်ဝန်ဆောင်မှုပညာ စတဲ့ ပညာရပ်တွေကို သင်ကြားပေးမှာဖြစ်ပြီး ဒီသင်တန်းကျောင်းမှာ တက်ရောက်မယ့် ကျောင်းသားတွေအနေနဲ့ စင်ကာပူ နည်းပညာ ပညာရေးသိပံ္ပက ရေးဆွဲထားတဲ့ သင်ရိုးတွေကနေ လက်တွေ့ သင်ယူခွင့်ရကြမှာပါ။

ဒါဟာ ကျွမ်းကျင်လုပ်သမားတွေပေါ်လာပြီး မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာလို့ စင်ကာပူခေါင်းဆောင်တွေက ပြောခဲ့ဖူးပါတယ်။

ဒေါက်တာစိုင်းမောက်ခမ်းကတော့   စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကနေ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးခဲ့တဲ့ စင်ကာပူကို ကျေးဇူးတင်တဲ့အကြောင်း  စင်ကာပူကို ရောက်နေစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ စင်ကာပူနိုင်ငံကို ပထမဆုံး အကြိမ်အဖြစ် တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေတာဖြစ်ပြီး ၀န်ကြီးချုပ် လီရှန်လွန်နဲရော့ ၀ါရင့် ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်နဲ့လည်း ဇူလိုင် ၁၄ ရက်နေ့က  သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးချုပ်လီရှန်လွန်းနဲ့ တွေ့ဆုံရာမှာတော့ မြန်မာပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စနစ်တွေ ပြုပြင်ပြောင်းလဲနိုင်ဖို့ စင်ကာပူရဲ့ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေကို လေ့လာသွားဖို့၊ နှစ်နိုင်ငံအကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ဆောင်ရွက်ဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ဖို့နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်းဂိုချုပ်တောင်နဲ့ တွေ့ဆုံရာမှာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြောင်းလဲတိုးတက်မှုတွေကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒေါက်တာ စိုင်းမောက်ခမ်းဟာ စင်ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် သံရုံးက ကူညီထောက်ပံမှုပေးနေတဲ့ အခြေအနေတွေ၊  နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးရေးကိစ္စ၊ ပညာတော်သင်တွေရဲ့  လိုအပ်ချက် အခက်အခဲတွေကိစ္စနဲ့ စင်ကာပူမှာ မြန်မာသံရုံးသစ် ပြန်လည်တည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုင်းမောက်ခမ်းဟာ နိုင်ငံခြားရေး၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေက ပြည်ထောင်စု ဒုဝန်ကြီးတချို့နဲ့အတူ စင်ကာပူနိုင်ငံကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့အထိ  ခရီးစဉ် ၅ ရက်ကြာမြင့်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013