လစ်ဗျားလေဆိပ် ပစ်ခတ်မှု၊ လေယာဉ် ၉၀ ရာခိုင်နှုန်း ပျက်စီး

ဓာတ်ပုံ - Twitter
ပြီးခဲ့တဲ့ရက်တွေအတွင်း လစ်ဗျားနိုင်ငံရဲ့ အဓိကလေဆိပ် ဖြစ်တဲ့ ထရီပိုလီလေဆိပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့မှုတွေအတွင်း လေဆိပ်မှာ ရပ်နားထားတဲ့လေယာဉ်တွေ ၉၀ ရာခိုင်နှုန်း လောက် ပျက်စီးကုန်တယ်လို့ လစ်ဗျားအစိုးရပြောခွင့်ရက ဒီနေ့ ပြောဆိုလိုက်ပါတယ်။ [caption id="attachment_60303" align="alignright" width="300"]ဓာတ်ပုံ - Twitter ဓာတ်ပုံ - Twitter[/caption]ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ အမိန့်ထုတ်ထားပြီး မလိုက်နာသူတွေကို အရေးယူမယ်လို့ ပြောခွင့်ရက ဆိုပါတယ်။ လေကြောင်းထိန်းသိမ်းရေးမျှော်စင်၊ ဆီတိုင်ကီတွေ၊ ကားတွေနဲ့ လေဆိပ် အကောက်ခွန်ဌာနတွေလည်း ပျက်စီးကုန်တယ်လို့ ပြောပါတယ်။ ပြိုင်ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း ထရီပိုလီလေဆိပ်ကို ထိန်းချုပ်ဖို့ လေယာဉ်ပျံ ဒုံးကျည်တွေ၊ ရုရှားလုပ် ဂရတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ လေဆိပ်ကို ပိတ်ထားလိုက်ပြီး ကုလသမဂ္ဂလုပ်ငန်းတွေ ဆက်လုပ်လို့ မရအောင်ကို လုံခြုံရေး အခြေအနေက ဆိုးဝါးနေတယ်လို့ လစ်ဗျားနိုင်ငံရောက် ကုလသမဂ္ဂအဖွဲ့က ပြောဆိုပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံခြားတပ်တွေ ချထားရေး လေ့လာနေတယ်လို့ အစိုးရပြောခွင့်ရက ပြောဆိုပါတယ်။ လစ်ဗျားအာဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့ပြီး ၃ နှစ်ကျော်လာခဲ့ပေမယ့်လည်း လစ်ဗျားနိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အကွဲကွဲအပြားပြား ဖရိုဖရဲဖြစ်နေဆဲပါ။ ကဒါဖီကို ဖြုတ်ချခဲ့တဲ့ သူပုန်တွေအချင်းချင်း အင်အားပြိုင်နေကြပြီး ရေနံမြေတွေနဲ့ လေဆိပ်တွေကို ထိန်းချုပ်ရေးအတွက် တိုက်ခိုက်နေကြပါတယ်။ နိုင်ငံတလွှား ပြန့်ကျဲနေတဲ့လက်နက်တွေ ဒေသတွင်း မွတ်စလင်အကြမ်းဖက်တွေဆီ ရောက်ချင်တိုင်း ရောက်ရှိကုန်မှာကို အနောက်အင်အားကြီးနိုင်ငံကတွေ စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up