DVB Logo
Home
နိုင်ငံရေး
ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားမည်
DVB
·
July 15, 2014
ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ်အသစ် ယောင်ဟီးလီ (Yanghee Lee) ဟာ လာမယ့် ဇူလိုင် ၁၇ ကနေ ၂၆ ရက်နေ့ထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂရုံးကနေ သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_60288" align="alignright" width="300"] မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ်အသစ် ယောင်ဟီးလီ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ်အသစ် ယောင်ဟီးလီ [/caption]ကလေးစိတ်ပညာရှင် အမျိုးသမီး မစ္စစ် ယောင်ဟီးလီဟာ မစ္စတာ ကင်တားနားရဲ့တာဝန်ကို ဆက်လက် ထမ်းရွက်မှာ ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို တင်ပြ အစီရင်ခံရမှာ ဖြစ်သလို မြန်မာနိုင်ငံ လူအခွင့်အရေး အခြေအနေအပေါ် အကြံပြုရမှာ ဖြစ်ပါတယ်။

သူရဲ့ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက် လေ့လာမှာ ဖြစ်သလို လတ်တလော အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မန္တလေးကိုလည်း သွားရောက် ကြည့်ရှုလေ့လာမှာ ဖြစ်ပါတယ်။


မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ လာရောက်တဲ့ ခရီးစဉ်အတွင်း သူဟာ အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုအသိုင်းအ၀ိုင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ နိုင်ငံတကာ လူမှု အဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံမယ်လို့ ဆိုပါတယ်။၊

ပွင့်ပွင့်လင်းလင်း အမြင်ခြင်း ဖလှယ်ခြင်းအားဖြင့် သူ့အနေနဲ့ အောက်ခြေမှာ တကယ် ဖြစ်ပျက်နေတာတွေကို ပိုမို နားလည်သဘောပေါက်စေဖို့ အထောက်အကူ ဖြစ်စေမှာပါလို့ သူက ပြောဆိုပြီး မြန်မာအစိုးရနဲ့ရော မြန်မာပြည်သူတွေနဲ့ပါ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ရှေးရှုဖို့ ရည်ရွယ်တယ်လို့ သူက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013