DVB Logo
Home
မြန်မာသတင်း
သမ္မတက ဆန္ဒရှိရင် တပ်မတော်က အလေးပြုမည်
DVB
·
July 14, 2014
သမ္မတက ဆန္ဒရှိရင် တပ်မတော်က အလေးပြုမည်
Donate to DVB

သမ္မတက အလေးပြုခံဖို့ ဆန္ဒရှိပါက တပ်မတော်အနေနဲ့ အလေးပြုသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောကြားလိုက်ပါတယ်။

Quanphuc1_soha.vn-8b3fbဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက နိုင်ငံတော် ၏ အထွတ်အ ထိပ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတကို တပ်မတော်က နှစ်စဉ်ပုံမှန် အခမ်းအနားနဲ့ ချီတက်အလေးပြုတဲ့နေ့ သတ်မှတ်ဖို့ ကိစ္စနဲ့ စပ်လျဉ်းပြီး မေးခွန်းမေးမြန်းခဲ့တာပါ။

ဒီမေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က သမ္မတရဲ့ သဘော အတိုင်းပါဆိုပြီး ဖြေကြားသွားတဲ့အကြောင်း ဦးလှဆွေကပြောပါတယ်။

“ခု ၂၀၁၀ အခင်းအကျင်းက သမ္မတနဲ့ တပ်ချုပ်က သပ်သပ်စီဖြစ်လာတယ်။ အဲဒါကြောင့် တပ်မတော်ကနေ ရွေးကောက်ခံ သမ္မတကို အလေးပြုဖို့ အစီအစဉ် မရှိဘူးလားလို့ ကျနော်က မေးတာ၊ အဲဒါကို သမ္မတက ဆန္ဒရှိရင် သူတို့ အလေးပြုပါမယ်လို့ ပြောသွားတယ်။”

သမ္မတကို နှစ်စဉ် ပုံမှန် ဂါရ၀ပြု အလေးပြုတဲ့အခမ်းအနားတွေကို တချို့နိုင်ငံတွေမှာ ကျင်းပသလို မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးရပြီး ကတည်းက ၁၉၆၂ ခုနှစ် စစ် အာဏာမသိမ်းခင်ထိ ကြည်းရေလေနဲ့ ရဲတပ်ဖွဲ့တွေက သမ္မတနဲ့ ၀န်ကြီးချုပ်တွေကို အခမ်းအနားနဲ့ နှစ်စဉ် အလေးပြုတဲ့ ဓလေ့ရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013