မြန်မာ့ရာသီဥတုပြောင်းလဲမှု ကူညီရန် ပေါင် ၄ သန်း ထောက်ပံ့
ထွန်းထွန်းသိန်း
·
July 14, 2014
မြန်မာနိုင်ငံမှာ ရာသီဥတုအပြောင်းအလဲကို တုံ့ပြန်နိုင်ဖို့ မဟာဗျူဟာတရပ် ချမှတ်အကောင်အထည်ဖော် နိုင်အောင် ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ မြန်မာတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရာမှာ မူဝါဒ ချမှတ်နိုင်ဖို့အတွက် ဥရောပကောက်မရှင် (အီးယူ) က ပေါင် ၄ သန်း ထောက်ပံ့ခဲ့တာပါ။
[caption id="attachment_60262" align="alignright" width="300"] ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာက သပိတ်ကျင်းမြို့ ငလျင်ဒဏ်ခံရစဉ်[/caption]
ဒီအထောက်အပံ့ကို ရာသီဥတု ပူနွေးလာမှုအတွက် ကြိုတင် ပြင် ဆင်နိုင်ရေး မြန်မာနိုင်ငံ မှာ အမျိုးသားရေးအဆင့် မဟာဗျူဟာတရပ် ချမှတ်နိုင်ဖို့ ယူအန်အေဂျင်စီတွေက ကူညီမှာဖြစ်ပါတယ်။
ယူအန်အေဂျင်စီ ၂ ခုဖြစ်တဲ့ UNEP၊ UN-Habitat အဖွဲ့တွေရဲ့ နည်းပညာအကူအညီတွေနဲ့ ရာသီဥတုပြောင်းလဲမှု ပေါ်လစီရေးဆွဲပြီး ၄ နှစ်တာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီယူအန်အေဂျင်စီ ၂ ခုနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ၇ က်နေ့က သဘောတူလက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။
UN-Habitat ရဲ့ အာရှပစိတ်ဒေသ ဒါရိုက်တာ Yoshinobu Fukasawa က လတ်တလောမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုတွေရှိနေသလို အနာဂတ်မှာ ပိုမိုပြင်းထန်မယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့သလို ဒီသက်ရောက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ထောင်စုနှစ်ရည်မှန်းချက်တွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေတယ်လို့ သူက လွန်ခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုကို လေ့လာဖော်ထုတ်နေတဲ့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကတော့ ကမ္ဘာမှာ ရာသီဥတုပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေပြုလုပ်နေပြီး မြန်မာနိုင်ငံ အနေနဲ့ လေးလေးနက်နက်လေ့လာဖို့ လိုနေသလို ရာသီဥတုပြောင်းလဲမူကိုလေ့လာတဲ့ ပညာရှင်လူငယ်တွေ မွေးထုတ်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။
လောလောဆယ် မြန်မာတပြည်လုံးမှာ အရေးတကြီး စောင့်ကြည့်နေရတဲ့ ရာသီဥတပြောင်းလဲမှုဖြစ်စဉ် ၅ ခု ရှိနေပြီး၊ အဲ့ဒါတွေကတော့ အပူရှိန်မြင့်တက်မှု၊ မိုးတိမ်တောင်ဖြစ်ထွန်းမှု၊ မုန်တိုင်း၊ မုတ်သုံ ၀င်ရောက်မှု၊ သောက်သုံးရေ နဲ့ စိုက်ပျိုးရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ လူ ၁ သိန်းခွဲနီးပါး သေဆုံးခဲ့ပြီး ရာသီဥတုပြောင်းလဲမူဒဏ်ကို ခံခဲ့ကြရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်