DVB Logo
Home
Lead Story
စက်တင်ဘာလဆန်းကစပြီး လမ်းဘေးဈေးသည်များကို ရှင်းမည်
DVB
·
July 14, 2014
စက်တင်ဘာလဆန်းကစပြီး လမ်းဘေးဈေးသည်များကို ရှင်းမည်
Donate to DVB

လာမယ့် စက်တင်ဘာလဆန်းက စပြီး ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း ပလက်ဖောင်းနဲ့ လမ်းဘေးတွေမှာ ရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို ဖမ်းဆီး အရေးယူ သွားတော့မယ်လို့ ရန်ကုန်စည်ပင် ဈေးများဌာန တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

DSCF9667 copyဒီလို ဖမ်းဆီး အရေးယူခြင်း မလုပ်ခင် အဲဒီ လမ်းဘေးဈေးသည်တွေ ကို နီးစပ်ရာ ဈေးတွေ မှာနေရာချသွားဖို့ စီစဉ်ပေးမယ် လို့ ပြောပေမယ့် ဘယ်ဈေးတွေ မှာ ဈေးသည် ဘယ်လောက်စီ နေရာချပေးမယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

သမ္မတ ဦးသိန်းစိန်အစိုးရသစ် အပါအ၀င် အရင် စစ်အစိုးရအဆက်ဆက်ဟာ လမ်းဘေးဈေးသည်တွေကို ဈေးမရောင်းရ တားမြစ်တာနဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ရင် ဖမ်းဆီး အရေးယူတာတွေ လုပ်ခဲ့ပေမယ့် လုံလောက် ကောင်းမွန်တဲ့ အစီအစဉ် မရှိတာကြောင့် လမ်းဘေးဈေးသည် ပြဿ      နာတွေ ပြေလည်သွားတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013