DVB Logo
Home
Lead Story
မယားစရိတ် ၁ လ ကျပ် ၁၀၀ သတ်မှတ်ချက် ပြင်ပေးမည်
DVB
·
July 14, 2014
မယားစရိတ် ၁ လ ကျပ် ၁၀၀ သတ်မှတ်ချက် ပြင်ပေးမည်
Donate to DVB

၁ လအတွက် ထောက်ပံ့ကြေး ကျပ် ၁၀၀ အောက် ပေးဖို့ပဲ သတ်မှတ်ထားတဲ့ ဇနီးမယားနဲ့ သားသမီးများ ထောက်ပံ့ကြေးဆိုင်ရာဥပဒေ ပုဒ်မ ၄၈၈ ကို ပြင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်တယ်လို့ တရားရုံးချုပ်ရဲ့ တာဝန်ရှိသူ ဦးစိုးညွန့်က ပြောပါတယ်။

parliment meetingဒီနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာ မော်လမြိုင်မြို့ နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်ဌေးကြွယ် က ၀င်ငွေ အလုံအလောက် ရှိပါလျက် ကိုယ့်ရဲ့ ဇနီးနဲ့ ကိုယ်တိုင် ရှာဖွေ စားသောက်နိုင်စွမ်းမရှိတဲ့ သားသမီးတွေ ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၈ မှာ သက်ဆိုင်ရာ ခရိုင်တရားသူကြီးက ၁ လကို ကျပ် ၁၀၀ ထက် မပိုတဲ့ ထောက်ပံ့ကြေး ပေးရမယ်လို့ အမိန့်ချမှတ်နိုင်တဲ့အကြောင်း၊ ဒီ ၁ လ ကျပ် ၁၀၀ ဆိုတာ လက်ဖက်ရည် ၁ ခွက်စာတောင် မရှိတဲ့အတွက် အဓိပ္ပာယ် မဲ့နေတဲ့အကြောင်း၊ ဒီဥပဒေကို ခေတ်နဲ့ အညီ ပြင်ဖို့ ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

ဦးစိုးညွန့်ကတော့ ၁၉၈၉ ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ခေတ်နဲ့ မလျော်ညီတဲ့ အဲဒီ ဥပဒေကို ပြင်ဖို့ ၂၀၁၂ ကတည်းက ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီး ဖြစ်ပေမယ့် ထောက်ပံ့ကြေးငွေကို ဘယ်လောက် သတ်မှတ်ပေးထားတယ် ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013