Home
မေးမြန်းခန်း
သမ္မတနှင့် တွေ့ရန် စာနယ်ဇင်းကောင်စီ တောင်းဆို (မေးမြန်းချက်)
ရွှေအောင်
·
July 13, 2014
သမတဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က တောင်းဆိုလိုက်ပြီး စာနယ်ဇင်းမီဒီယာသမားတွေ ရပိုင်ခွင့်တောင်းဆိုဖို့ အခုလို တောင်းဆိုရတာ လို့ ကောင်စီအဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောပါတယ်။ thein seinအစိုးရက သတင်းသမားတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်နေတာကြောင့် ဒီကိစ္စတွေအပေါ် ဇူလိုင် ၁၂ရက်က စာနယ်ဇင်းကောင်စီအဖွဲ့ စည်းဝေးခဲ့ကြပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ သလို သမ္မတနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ စာနယ်ဇင်းကောင်စီရဲ့ ကြေညာချက်ထဲမှာ ယူနတီသတင်းသမားတွေကို ချမှတ်လိုက်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတတဲ့အကြောင်းနဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သတင်းသမားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဖော်ပြထားပါတယ်။ သမ္မတက စာနယ်ဇင်းကောင်စီကို တွေ့ခွင့်မပေးရင် သူ့အနေနဲ့ ကောင်စီက နှုတ်ထွက်မယ်လို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးချစ်ဝင်းမောင်က ပြောပါတယ်။ ဦးချစ်ဝင်းမောင်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024