တရုတ်တွင် အကြမ်းဖက်ဗွီဒီယိုများ ဖြန့်ဝေမှုဖြင့် လူ ၃၂ ဦးကို ပြစ်ဒဏ်ချ

တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်မှာ အကြမ်းဖက်ဗွီဒီယိုတွေကို အင်တာနက်ကနေ ရယူဖြန့်ဝေမှုစွဲချက်တွေနဲ့ လူ ၃၂ ဦးကို ဇူလိုင်လ ၁၀ ရက်နေ့က ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ China၃ ဦးကို ထောင်ဒဏ် တသက်တကျွန်း၊ ကျန် ၂၉ ဦးကိုတော့ ထောင်ဒဏ် ၄ နှစ်ကနေ ၁၅ နှစ်ကြား ချမှတ်ခဲ့ပြီး တရုတ်အစိုးရအဆိုအရ ခွဲထွက်ရေး အကြမ်းဖက်မှု နောက်ကွယ်က လှုံ့ဆော်သူတွေလို့ ဆိုပါတယ်။ အကြမ်းဖက်ဖြိုခွင်းရေး တနှစ်ပြည့်မြောက်ခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ရှင်းကျန်းပြည်နယ်တွင်း အကြမ်းဖက်အဖွဲ့အစည်း ၄၀ ကျော်နဲ့ အကြမ်းဖက်သူ ၄၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောဆိုခဲ့ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဘာသာရေးဖိနှိပ်မှုတွေအပါအ၀င် အခုလို ဒေသခံတွေအပေါ်မှာ နှိပ်ကွပ်မှုတွေကြောင့် အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ ပေါ်ပေါက်နေရတာလို့ စွပ်စွဲကြပါတယ်။ ရှင်းကျန်းပြည်နယ်ဒေသဟာ အာရှအလယ်ပိုင်းမှာ အချက်အချာကျပြီး ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ကြွယ်ဝတာကြောင့် စွမ်းအင်လိုအပ်ချက် မြှင့်မားနေတဲ့ တရုတ်နိုင်ငံအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒေသထွက် အကျိုးအမြတ်တွေကို ဒေသခံတွေက မခံစားရဘဲ တရုတ်လူမျိုးစုကြီးဖြစ်တဲ့ ဟန်လူမျိုးတွေကပဲ သိမ်းပိုက်ရယူနေကြတာလို့ ပြစ်တင်ဝေဖန်မှုတွေလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up