DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့ မီးရထားရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် ထောင်ချ
DVB
·
July 9, 2014
ကောလင်းမြို့ မီးရထားရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့်  ထောင်ချ
Donate to DVB

စစ်ကိုင်းတိုင်း ကောလင်းမြို့က မီးရထားရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို ကောလင်းမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။

မီးရထားရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရဆိုပြီး ကောလင်းမြို့က မီးရထားရဲတပ်ဖွဲ့တွေကို ဆီးစစ်ရာမှာ မူးယစ်ဆေးဝါးသုံစွဲတာ ပေါ်လွင်တဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပြီးခဲ့တဲ့ မတ်လက တရားစွဲဆိုတာဖြစ်ပါတယ်။

yarbaဒီကနေ့မှာတော့ မီးရထားရဲတပ်ကြပ်အပါအ၀င် ရဲတပ်သား ၁၆ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တာလို့ တရားခံတွေရဲ့ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးအောင်ခွန်ချိုက ပြောပါတယ်။

“သူတို့ရဲ တပ်ဖွဲ့က အထက်က ညွှန်ကြားချက်အရဆိုပြီး ဆီးစစ်တာပေါ့။ ဆီးစစ်တဲ့အခါမှာ ဆီးထဲမှာ မော်ဖင်းနဲ့ အက်ဖက်တဖင်း သွားတွေ့တာပေါ့။ မော်ဖင်းနဲ့ အက်ဖက်တဖင်း တွေ့တဲ့အတွက်ကြောင့် ရုံးတင် တရားစွဲတာ။ တရားစွဲတော့ သူတို့မှာ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်လို့ အထောက်အထား တစုံတရာ မရှိသော်လည်း ဆေးရုံမှာ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ထားတာ မရှိလို့။ ဒါကြောင့်မို့ သူတို့ ဓာတုဗေဒ မော်ဖင်းနဲ့ အက်ဖက်တဖင်း တွေ့တယ်ဆိုတဲ့ ပြန်ကြားအရဆိုပြီး ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်။”

ထောင်ဒဏ်ချမှတ်ခံရတဲ့ ရဲတပ်ကြပ် အောင်နိုင်ဝင်းကလည်း သူ့အနေနဲ့ မူးယစ်ဆေးဝါးမသုံးဘဲ ထောင်ချ ခံရတာလို့ သူ့ကို ထောင်မပို့ခင် ဒီဗွီဘီကို အခုလိုပြောပါတယ်။

“မသုံးပါဘူး။ ကျနော်တို့ တရားရုံးမှာ ဘယ်လိုမှ မပေါ်လွင်ပါဘူး။ ဒါပေမယ့် စစ်တော့ ဆီးကပေါ်တယ်ဆိုပြီး ကျတာပါ။ သက်သေတွေအားလုံးက မပေါ်ပါဘူး။ ဒါပေမယ့် ရဲတွေအားလုံးက လုံးဝမသုံးစွဲပါဘူးဆိုတာကို လက်မခံဘူး။ ကျနော်တို့ မသုံးဘူးဆိုတာ ကျနော်တို့နဲ့ လက်တွဲနေတဲ့ ရဲအရာရှိတွေ၊ ကျနော်တို့ကို အုပ်ချုပ်တဲ့အရာရှိတွေ၊ ပြည်သူတွေကို မေးကြည့်ပါ။”

သူတို့ကို ထောင်ဒဏ်ချမှတ်ပြီး ညနေပိုင်းမှာ ကသာထောင်ကို ပို့လိုက်ပါတယ်။

ထောင်ချခံရတဲ့ နောက်ထပ် ရဲတပ်သား စိုးရအောင်ရဲ့အမျိုးသမီး မစုမြတ်လှိုင်က “အခုဖြစ်စဉ်ကတော့ မတရားခံရတာပေါ့။ သမီးမျိုးသားက အရက်လည်းမသောက် ကွမ်းယာဆေးလိပ်လည်း မသောက်မစားပါဘူး။ မူးယစ်ဆေးဝါး သုံးစွဲဖို့နေနေသာ ကွမ်းယာဆေးလိပ်တောင် မသောက်တဲ့ သူက အခုလို ဖြစ်ရတာ ရင်ထုမနာဖြစ်ရပါတယ်။ ကိုယ်သုံးစွဲလို့ ခံရတယ်ဆိုရင် ဘယ်လောက်ပဲ ခံရခံရ။ အထက်လူကြီးတွေက ဒီကိစ္စကို အဆင့်ဆင့် အချုပ်ထဲ လာစစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း မသုံးစွဲဘူးဆိုတာ သိပေမယ့် အထက်လူကြီး တဦးတယောက်နစ်နာမှာမို့လို့ ကျမတို့ အမျိုးသားတွေကို ထောင်ချလိုက်တာပါ။ သုံးစွဲလို့ ချတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ကောလင်းမြို့ မီးရဲတပ်ဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ပြီး ဒီကနေ့မှာတော့ ၁၆ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

မြစ်ကြီးနား မီးရထားရဲ ၁၅ ဦးကိုလည်း ဒီလိုအားတူအမှုမျိုးနဲ့ တရားစွဲဆိုထားတယ်လို့ ရဲတပ်ကြပ် အောင်နိုင်ဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013