ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

Cycle Bomb 2ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတခုမှာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကရာချီမြို့ရဲ့ စီးပွားရေးအချက်အချာခရိုင်တခုမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဆိုင်ကယ်တစီးက အခြားဆိုင်ကယ်တစီးနဲ့ တိုက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရဲဌာနက ဆိုပါတယ်။ လူဦးရေ ၁၈ သန်းနေထိုင်တဲ့ ကရာချီမြို့ဟာ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေး အချက်အချာ မြို့ကြီးဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးရှုပ်ထွေးမှုတွေနဲ့ အကြမ်းဖက်မှု အများဆုံးမြို့တမြို့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up