အိန္ဒိယ ရထားလမ်းစနစ် ခေတ်မီအောင် ပြုလုပ်မည်

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီက နိုင်ငံတွင်း ရထားလမ်းစနစ်ကို ခေတ်မီအောင် လုပ်ပေးမယ်လို့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ကို သွားရောက် လည်ပတ်တဲ့ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ကတိပြုလိုက်ပါတယ်။ [caption id="attachment_59714" align="aligncenter" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]၁ နှစ်ကို လာရောက်လည်ပတ်သူ ၁၀ သန်းကျော်တဲ့ ဟိန္ဒူဘုရားကျောင်းတွေထဲက တခုဖြစ်တဲ့ ကတ်တျာမြို့ကို ပိုလွယ်လွယ် သွားလာနိုင်ဖို့ ရထားလမ်းသစ် ဖွင့်ပွဲအတွင်း ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် မိုဒီက “ဂျမူးက ပြည်သူတွေကိုသာမက တနိုင်ငံလုံးက ပြည်သူတွေကိုပါ သေချာအောင် ပြောချင်တယ်။ ကျနော်တို့ ထိပ်တန်းဦးစားပေး က ဂျမူးမြို့အပါအ၀င် လူသန်းချီရှိတဲ့ မြို့ကြီးတွေက ရထားဘူတာရုံတွေကို ခေတ်မီအောင် လုပ်ဖို့ပါပဲ။”လို့ ပြောပါတယ်။ ကက်ရှ်မီးယားပြည်နယ်ရဲ့ လူဦးရေအများစုဟာ မွတ်စလင်တွေ ဖြစ်ပြီး ၁၉၈၀နဲ့ ၉၀ ပြည့်လွန်နှစ်တွေအတွင်း ပြည်နယ်တွင်း မွတ်စလင်ဦးရေ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့အစည်းတွေနဲ့ ကာလကြာရှည် ဆက်စပ်ခဲ့တဲ့ ၀န်ကြီးချုပ်မိုဒီဟာ မွတ်စလင်လူများစုက ဦးဆောင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တပိုင်း ဖြစ်နေမှုကို အဆုံးသတ်ချင်နေခဲ့ပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား ကက်ရှ်မီးယားပြည်နယ်ကို ပိုင်းခြားထားတဲ့ နယ်စပ်နဲ့ ၁ မိုင်အကွာက ရေအားလျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်တဲ့ ဆည်ဖွင့်ပွဲကိုလဲ ၀န်ကြီးချုပ်က တက်ရောက်ပြီး ဒီနေ့ဟာ ဂျမူးနဲ့ကက်ရှ်မီးယားအတွက် မြန်နှုံးသစ်နဲ့ စွမ်းအင်သစ်ကို ရတဲ့ အင်မတန် သိသာထင်ရှားတဲ့နေ့ပဲလို့ ပြောပါတယ်။ ကက်ရှ်မီးယား ဒေသခံအများအပြားကတော့ အိန္ဒိယဆီကရော ပါကစ္စတန်ဆီကပါ လွတ်လပ်ရေး ရချင်နေတာပါ။ ခွဲထွက်ရေးသမား၊ နိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင် စစ်သွေးကြွတွေဟာ ဒီရည်ရွယ်ချက်နဲ့ရော ပါကစ္စတန်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးအတွက်ပါ တိုက်ပွဲဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up