ပြန်လွတ်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနှင့်မေးမြန်းချက်
အေးနိုင်
·
July 4, 2014
ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေနဲ့ မြို့ခံကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ သရက်ထောင်ကနေ ဒီနေ့ မွန်းတည့် ပြန်လည်လွတ်မြောက်ပါတယ်။
[caption id="attachment_55304" align="alignright" width="300"] ဦးဇော်ဖေ[/caption]
ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်း တခုက ပေးအပ်တဲ့ ပညာသင်ဆုရွေး ချယ်ပုံနဲ့ ပတ်သက်လို့ မကွေးတိုင်းပညာရေး မှူးရုံးမှာ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုဇော်ဖေနဲ့ သူ့ကို ကူညီပေးတဲ့ မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ သရက်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ချမှတ်ထားရကနေ မနေ့က ၃ လ ပြင်ဆင်သတ်မှတ်လိုက်ပြီးနောက် ဒီနေ့ ပြန်လွတ်လာတာပါ။
ပြန်လွတ်လာတဲ့ ကိုဇော်ဖေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်
ပြန်လွတ်လာသည့် ဦးဝင်းမြင့်လှိုင်ကို မေးမြန်းချက်