မကွေး အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်ကို တရားစွဲရန် ပြင်ဆင်- မေးမြန်းချက်
အေးနိုင်
·
July 4, 2014
မကွေးမြို့မရဲစခန်းက တာဝန်ရှိသူတွေက မကွေးတိုင်းမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ လုပ်ဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူတွေကို မြို့မရဲစခန်းကို ဒီကနေ့ ခေါ်ယူ မေးမြန်းစစ်ဆေးပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲ ကျင်းပခဲ့တဲ့ နေရာဟာ သာသနာမြေဖြစ်ပြီး ပိုင်နက်ကျူးလွန် လုပ်ဆောင်တယ်ဆိုပြီး မကွေးတိုင်းသာသနာရေး ဦးစီးမှူး ညွန်ကြားရေးမှူး ဦးသောင်းကြည်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာလို့ဆိုပါတယ်။
ရဲစခန်းမှာ ရောက်ရှိတွေ့ဆုံခဲ့တဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်