မြန်မာ့သတင်းစဉ်က သတင်းဌာနများကို သတင်းရောင်းရန် ပြင်ဆင်

အစိုးရဌာနတခုဖြစ်တဲ့ မြန်မာ့သတင်းစဉ်က နိုင်ငံတော်အကြီးအကဲတွေရဲ့ သတင်းတွေ အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေရဲ့သတင်းတွေ၊ ဌာနဆိုင်ရာသတင်းတွေ၊ ထုတ်ပြန်ချက်တွေ၊ အမိန့် စတာတွေကို ဒီလထဲမှာ စပြီးရောင်းချဖို့ ပြင်ဆင်နေပါတယ်။ statementလက်ရှိ မှာတော့ ပြည်တွင်း ထုတ် တချို့သတင်းစာတွေကို အခမဲ့ သတင်းပေးနေ တယ်လို့ နေပြည်တော်၊ သတင်းစဉ်က သတင်းထောက်မှူး ဦးမျိုးညွန့်က ဒီဗွီဘီကို ပြောပါတယ်။ အမြန်ဆုံး စတင်ရောင်းနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပေမယ့် ဘယ်အချိန်မှာ စရောင်းမယ် ဆိုတာကိုတော့ အတိအကျမပြောခဲ့ပါဘူး။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နာယက  သတင်းစာဆရာကြီး  ဖိုးသောကြာကတော့ အစိုးရသတင်းကို ရောင်းချတယ်ဆိုတာ ဟိုးအရင်တုန်းက ရှိဖူးတယ်လို့ ပြောပါတယ်။ အခုအချိန်အထိတော့ ပုဂ္ဂလိက မီဒီယာတွေဟာ အစိုးရဌာနတွေရဲ့ သတင်းတွေကို ရယူဖို့ ခက်ခဲနေတုန်းပဲ ဖြစ်ပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up