Home
မြန်မာသတင်း
ကိုဇော်ဖေကို ပြစ်ဒဏ် ၁ နှစ်ကနေ ၃ လ ပြင်ဆင်သတ်မှတ်
DVB
·
July 3, 2014
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က  ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေနဲ့  မြို့ခံကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ပြစ်ဒဏ် ၁ နှစ်ကနေ ၃ လ ပြင်ဆင်သတ်မှတ်ပေးလိုက်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးသိန်းထွန်းက ပြောပါတယ်။ 1-300x200“ကိုဇော်ဖေကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က ဒီနေ့ ကျနော်တို့ သီးသန့် အမိန့်ချလိုက်တယ်။ သူ့ကို ၃ လပဲ ချလိုက်တယ်။ မူလရုံးက ၁ နှစ်ချတာကို ၃ လ ပြင်ဆင်ချမှတ်လိုက်ပါ တယ်။ ၃ လဆိုတော့ မူလရုံးက ၇ ရက် ၄ လ ၂၀၁၄ မှာ အမိန့်ချတာဆိုတော့ ၆ ရက်နေ့မှာ ၃ လပြည့်တယ်။ ၆ ရက်နေ့ လွှတ်မယ်။ ၅ ရက်နဲ့ ၆ ရက်က စနေ၊ တနင်္ဂနွေ ခံနေတော့ ၄ ရက်နေ့ လွှတ်မယ်လို့ ထင်ပါတယ်။” ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်းတခုက ပေးအပ်တဲ့ ပညာသင်ဆုရွေးချယ်ပုံနဲ့ ပတ်သက်လို့ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုဇော်ဖေနဲ့ မြို့ခံကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ သရက်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ချမှတ်ထားရကနေ အခု ၃ လ လျှော့ပေါ့ပေးလိုက်တာပါ။ မေလ ၃ ရက် နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုနေ့ ၂၀၁၄ ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့မီဒီယာစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (အာရ်အက်စ်အဖ်) က “သူရဲကောင်း သတင်းသမား ၁၀၀” အမည်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024