Home
မြန်မာသတင်း
ဇူလိုင် ၃ ရက်နေ့ မိုးလေ၀သခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
DVB
·
July 2, 2014
ဇူလိုင် ၂ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ် နေပါပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဇူလိုင် ၃ ရက်နေ့ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့် ၄ ပေ ကနေ ၈ ပေလောက် မြင့်တက်နိုင်ပါတယ်။ Slide7အပူရှိန်မြင့်တက်နိုင်မှု အနေနဲ့ကတော့ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းတွေဟာ အနည်းငယ် ပြန် လည် မြင့်တက် လာနိုင်ပါတယ်။ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက် ကျဆင်းနိုင်တဲ့မြို့တွေကတော့ ပဲခူးမြို့နဲ့ ရန်ကုန်မြို့တွေပဲ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း အနိမ့်ဆုံးကျဆင်းဖြစ်နိုင်တဲ့ ရန်ကုန်မြို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၈ ဒသမ ၆ သာရှိနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ တောင်ကြီးမြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးကတော့ ၁၄ အထိ မြင့်တက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ လွန်ကဲအဆင့်ထက် ကျော်လွန်နိုင်ပြီး အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ၁၃ ကျော်တဲ့အထိ မြင့်တက်နိုင်ပါတယ်။ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေး တိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြား မိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့  ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်အနောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၁၀၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024