အဲကမ္ဘောဇ ရန်ကုန်- မဲဆောက်- ရန်ကုန် ပျံသန်းမည်
DVB
·
July 1, 2014
ရန်ကုန်- မဲဆောက်- ရန်ကုန် ခရီးစဉ်ပြေးဆွဲတာကို ယာယီ ရပ်နားထားတဲ့ ထိုင်းအခြေစိုက် Nok Air လေကြောင်းလိုင်းဟာ ပြည်တွင်းက အဲကမ္ဘောဇနဲ့ ပူးပေါင်းပြီး ရန်ကုန်- မဲဆောက် ခရီးစဉ် ပြန်ပြေးဆွဲတော့မယ်လို့ ကြေညာပါတယ်။
လာမယ့် အောက်တိုဘာမှာ စ ပြေးဆွဲမှာ ဖြစ်ပြီး လေယာဉ် လက်မှတ်ခ ကိုတော့ မသတ်မှတ်ရသေးဘူးလို့ အဲကမ္ဘောဇ လေကြောင်းရုံး တာဝန်ရှိသူက ဒီဗွီဘီကို ပြော ပါတယ်။ လေယာဉ် ၆ စီးနဲ့ ပြည်တွင်း ခရီးစဉ်တွေ ပြေးဆွဲနေတဲ့ အဲကမ္ဘောဇဟာ အခု ခရီးစဉ် ပြေးဆွဲဖြစ်ရင် ပထမဦးဆုံး ပြည်ပခရီးစဉ် ဖြစ်လာပါလိမ့်မယ်။
ရန်ကုန်က စီးပွားရေးသမားတွေဟာ ကရင်ပြည်နယ် မြ၀တီတဖက်ကမ်း ထိုင်းနယ်စပ် မဲဆောက်မြို့ကို ဘတ်စ်ကားနဲ့ ၁ ညအိပ် ခရီးသွားရလေ့ရှိပြီး လေကြောင်းခရီးနဲ့ ဆိုရင်တော့ နာရီဝက်ကျော် အချိန်ပဲ ပျံသန်းရမယ်လို့ ကုန်သည် ဦးမြင့်ဝင်းက ပြောပြပါတယ်။