DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီးစောတာမလာဘော ဈာပန လူထုထောင်ချီ တက်ရောက်
DVB
·
June 30, 2014
ဗိုလ်ချုပ်ကြီးစောတာမလာဘော ဈာပန လူထုထောင်ချီ တက်ရောက်
Donate to DVB

ဇွန်လ ၂၆ ရက်နေ့က ကွယ်လွန်သွားတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာ မလာဘောကို ဒီကနေ့ ကေအန်ယူ ဌာနချုပ်မှာ ဂူသွင်းသင်္ဂြိုဟ်လိုက်ပါတယ်။

[caption id="attachment_59456" align="alignleft" width="300"]ဈာပနအခမ်းအနား (ဓာတ်ပုံ - မန်းမျိုးမြင့်) ဈာပနအခမ်းအနား (ဓာတ်ပုံ - မန်းမျိုးမြင့်)[/caption]

ဗိုလ်ချုပ်ကြီးစောတာမ လာဘော ရဲ့ ဈာပနအခမ်းအနား ကို ကေအန်ယူဗဟို စစ်ဦးစီး ဌာနချုပ် သေဘေထာ့မှာ ဒီကနေ့ အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပခဲ့တယ် လို့ ကေအန်ယူ ဗဟိုစစ်ဦးစီးဌာန ချုပ်က တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထူးဝေါ် က ပြောပါတယ်။

ဒီဈာပနအခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ရှမ်းပြည်တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ အခြားမဟာမိတ်ခေါင်းဆောင်တွေ တော်တော်များများအပါအ၀င် နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စုစု လူပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

မြန်မာအစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့  ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ  ဇွန် ၂၆ ရက်နေ့ ည ၉ နာရီကျော်က ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ အင်္ဂလိပ်ကိုလိုနီခေတ်က မြန်မာပြည် အင်္ဂလိပ် စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ စတင်ခဲ့တဲ့  ကရင်တော်လှန်ရေး မှာ ပါဝင်ခဲ့ပါတယ်။

ကရင့်တော်လှန်ရေးစတင်ချိန်ကတည်းက ပါဝင်လာခဲ့သူဖြစ်သလို မဟာမိတ်ခေါင်းဆောင်တွေအကြားပြန်လည်သင့်မြတ်အောင်  ဦးဆောင်ခဲ့သူဖြစ်တဲ့အတွက် သူက ကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် စရှာထူးဝေါ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးစောတာမလာဘောကို ၁၉၂၀ ခု ဒီဇင်ဘာလ ၂၂ ရက်နေ့က အဘ စောထွန်းရွှေနဲ့ အမိ နော်အေးသာတို့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မွေးချင်းမောင်နှမ နှစ်ဦးရှိပြီး အစ်မဖြစ်သူကတော့ လက်ရှိ သြစတြေးလျမှာ နေထိုင်နေပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီ သားသမီး ၈ ဦးနဲ့ နဲ့ မြေးမြစ်တွေ အများအပြား ကျန်ရစ်ခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013